News

POST TAGGED AS

ကျောက်ဖြူ

မြန်မာ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဆက်အောင်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏အရွယ်အစားပမာဏကို တရုတ်ဘက်က လျှော့ချသွားတော့မည်ဖြစ်ပြီး အရွယ်အစားကို လျှော့ချခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုပမာဏကိုလည်း လျှော့ချမည်ဟု အသိပေးလိုက်ကြောင်း ANI သတင်းဌာနက ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သတင်းရေးသားဖော်ပြလိုက်သည်။
ဒါပေမဲ့ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရင် တရုတ်ကို လျော်ရမယ့်ကိစ္စ၊ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲလာရေး တရုတ်ကို အတိုင်းအတာတစ်ခုအထိ အားကိုးနေရတဲ့ကိစ္စ၊ ရခိုင်အရေး ကုလသမဂ္ဂစင်မြင့်မှာ တရုတ်ရဲ့ဗီတိုအာဏာကို အားကိုးနေရတဲ့ကိစ္စ စတာတွေကြောင့် တရုတ်ကို ခပ်တင်းတင်းဆက်ဆံလို့ မရတာလည်း ရှိနေပါတယ်။ ဒါကြောင့် တရုတ်ကိုလည်း စိတ်ကျေနပ်စေ၊ မြန်မာနိုင်ငံအတွက်လည်း မနစ်နာစေ ပုံစံမျိုးနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပါးပါးနပ်နပ် လိမ်လိမ်မာမာ အကောင်အထည်ဖော်နိုင်ပါစေလို့ပဲ မျှော်လင့်ဆုတောင်းမိပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံတင် ဆိပ်ကမ်းမှ ၅ မိုင်ကျော်အကွာ သံဇစ်မြစ်၊ မဲချောင်းတောင် အောက်ခြေအနီး မြစ်ရေများ နောက်ကျိ မည်းညစ်ကာ အရောင်ပြောင်းလဲနေမှု ၁၀ ရက်ကျော် ကြာမြင့်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူစီးပွားရေးဇုန် (SEZ) တည်ဆောက်ရေးအတွက် ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း (KDNEDA) က ဇူလိုင်လ ၁၄ ရက်တွင် ကြိုဆိုပွဲ လုပ်ဆောင်ခဲ့သည်။
ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာရှိ လက်ယက်ရေနံစိမ်းတွင်းများမှာ ရေနံထွက်လျော့နည်းခြင်း၊ ရေနံဈေးအရနည်းခြင်းတို့ကြောင့် လုပ်ကိုင်သူ နည်းပါးလာကြောင်း ရေနံလုပ်ငန်းရှင်များက ဆိုကြသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ခွေးများကို ရှင်းလင်းရာ ခွေး ၂၉ ကောင်ကို အဆိပ်ကျွေး သုတ်သင်ရှင်းလင်းခဲ့ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဆေးရုံဝင်း၊ မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (AGTI) တို့တွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းမှာ စတင်ကာ ညနေပိုင်းအထိ ခွေးကိုက်မှုကြောင့် လူ ၂၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ဗြိတိသျှ အစိုးရလက်ထက် အရေးပိုင်တာဝန်ထမ်း ဆောင်ခဲ့သူ စာရေးဆရာ မောရစ် ကောလစ်၏နေအိမ်ကို ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် အကြီးစားပြင်ဆင်နေ ကြောင်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းအတွက် တရုတ်နိုင်ငံအခြေစိုက် CITIC ကုမ္ပဏီအုပ်စုနှင့် မြန်မာနိုင်ငံတို့အကြား ရှယ်ယာ ပိုင်ဆိုင်မှုကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်က ပြောကြားသည်။
ကျောက်ဖြူမြို့နယ် အစိုးရရပ်ကွက်အတွင်း နှစ်ထပ်အမြင့်ရှိ ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရန် မြေကျင်းတူးရာမှ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် အချိန်တွင် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံး သုံးလုံး တူးဖော်တွေ့ရှိခဲ့ကြောင်း ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဝင်းက ပြောကြားသည်။