News

POST TAGGED AS

ကျောက်မျက်ရတနာ

ဆန်စပါး၊ အဖိုးတန် ကျောက်မျက်ရတနာများ အပါအဝင် ကုန်ပစ္စည်းလိုင်းပေါင်း ၃၃၄၅ လိုင်းကို မတ်လ ၁ ရက်နေ့မှ စ၍ ပို့ကုန်လိုင်စင် လျှောက်ထားရမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကောက်ခံရရှိသည့် ရတနာအခွန်မှာ ကျပ် ၁၅ ဒသမ ၆၄၆ ဘီလီယံကျော်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာသိန်းစိုးက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ကျောက်မျက်များအပေါ် တိုးကောက်ခံသည့် ကုန်သွယ်ခွန်ကြောင့် ကျောက်မျက်များကို တရားမဝင် လမ်းကြောင်းဖြင့် ပြည်ပသို့ တင်ပို့မှု များပြားလာကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်က ပြောကြားသည်။
ရတနာမြေငါးခုအတွင်း၌ ရှိသော ဇူလိုင်လကုန်တွင် သက်တမ်းကုန်မည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက် ၉၀၀ ကျော်ကို အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
မန္တလေးမြို့တော်ရှိ ရတနာပုံ ဆူပါစင်တာ ဒုတိယထပ်တွင် ဖွင့်လှစ်မည့် Mandalay Yatanar Mall တွင် ကျောက်မျက် ရတနာ အတု၊ အစစ် ခွဲခြား စစ်ဆေးနိုင်မည့်အပြင် ကျောက်မျက် ရတနာများကို ထိန်းသိမ်း ထားနိုင်မည့် အာမခံ သေတ္တာ (Locker) များလည်း ပါဝင်မည်ဖြစ်ကြောင်း Relax Business Goup မှ ဒါရိုက်တာ ဦးဇော်မင်းက ပြောကြားသည်။
ပြည်ပနိုင်ငံများသို့ စိန်၊ ရွှေနှင့် ကျောက်မျက်များ တရားဝင် တင်ပို့ခွင့် စတင် ခွင့်ပြုပါက လိုင်စင် ရှိသူတိုင်း ပို့ခွင့်ရရှိရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက် မျက်အသင်းများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။