News

POST TAGGED AS

ကျောက်မီးသွေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည် ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cement Ltd. (MCL) အနီးဝန်းကျင်တွင် နေထိုင်နေကြသည့် ဒေသခံများ သောက်ရေ သုံးရေနှင့်ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
ကျောက်မီးသွေးသုံး၍ လျှပ်စစ်ထုတ်လုပ်ပေးသည့် တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တစ်နှစ်ပြန်လည်ပတ်မည်ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
အံဒင်ကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ လယ်ယာမြေ လာရောက် ဝယ်ယူသူဟု ယူဆသူများကို မောင်းထုတ်ခဲ့သော ဒေသခံ ၁၃ ဦးကို ရေးမြို့မရဲစခန်းတွင် ပုဒ်မ သုံးခုဖြင့် တရားစွဲထားခဲ့ပြီး ၂ နှစ်အကြာတွင် ရဲစခန်းမှ ပြန်လည်ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသည့် ကျောက်မီးသွေး စက်ရုံ ၁၀ ခုကို တိုးချဲ့ဆောက်လုပ်မည်ဆိုပါက လေထုညစ်ညမ်းမှု မြင့်တက်လာကာ နှစ်စဉ် လူပေါင်း ၇၀ဝ၀ ကျော် သေဆုံးနိုင်ကြောင်း ဟားဗတ်တက္ကသိုလ်နှင့် Green Peace Southeast Asia အဖွဲ့က ကျောက်မီးသွေးနှင့်ပတ်သက်သည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ တီကျစ် ကျေးရွာတွင်ရှိသော တီကျစ် ကျောက်မီးသွေး စက်ရုံကို အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည် စမ်းသပ်လည်ပတ်မှုအပေါ် စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ခြင်းကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။