News

POST TAGGED AS

ကျောက်မီးသွေးတွင်း

“ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတွေဘက်က သတ်မှတ်ချက်တွေကို ဘယ်လောက်ထိ လိုက်နာလဲဆိုတာ ကြည့်မယ်။ ပြီးမှ လိုအပ်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးပြီး ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ တိုင်းအစိုးရဖြစ်ဖြစ် တစ်ခုခုကို တိုက်တွန်းသွားမယ်”
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦး သေဆုံးခဲ့သော ကျောက်မီးသွေးတွင်းကို အပြီးပိတ်သိမ်းလိုက်ပြီး သေဆုံးခဲ့သူများကို ထွန်းရာဇသတ္တုတွင်း တူးဖော်ရေးကုမ္ပဏီမှ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း ဆောမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသည်။
မကွေးတိုင်း ဆောမြို့နယ်မှ နှစ်မိုင်ခန့်အကွာ ကျောက်မြောင်းရွာအနီး ကျောက်မီးသွေးတွင်းပေါက်ကွဲ (ပြိုကျ) မှုတွင် သေဆုံးသူတစ်ဦးထပ်တိုးပြီး ၄ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရှိရသည်။
ကလေးဝမြို့နယ်တွင် ဩဂုတ်လ ၃ ရက်နေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျခဲ့မှုတွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များအတွက် သေဆုံးသူတစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကလေးခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးမြတ်ဇော်ထွန်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအနီး ကျောက်မီးသွေးဥမင်လိုဏ်ခေါင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျခဲ့ရာမှ ပိတ်မိနေသည့် လူငါးဦး အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာရရှိခဲ့၍ ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူနေရကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။