News

POST TAGGED AS

ကျောက်ထုတ်လုပ်ငန်း

တောင်ငူရှိ ကျောက်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်း
တောင်ငူ၊ ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် လေးမိုင်ဒေသရှိ ကျောက်ထုတ်လုပ်ငန်းအချို့သည် အစိုးရသစ်လက်ထက် ပထမဦးဆုံး ဘတ်ဂျက်ကာလပြောင်းလဲခဲ့သည့်အပြင် မိုးရာသီဆောက်လုပ်ရေးနှင့် လမ်းဆိုက်များနည်းပါးသဖြင့် လုပ်ငန်းအချို့ရပ်ဆိုင်းသွားကြောင်း ကျောက်ထုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က ဘတ်ဂျက်ကာလသည် မတ်လနှင့် ဧပြီလများဖြစ်သည့်အတွက် အလုပ်များရှိနေခဲ့သော်လည်း ယခုဘတ်ဂျက်ကာလသည် ၉ လပိုင်း၊ ၁၀ လပိုင်း ဖြစ်သွားသည့်အပြင် ရှေ့တွင် မိုးရာသီကာလ ဖြစ်နေသည့်အတွက် ပိုမိုအလုပ်နည်းပါးသွားကြောင်း ၎င်းတို့ထံမှသိရသည်။

အဆိုပါဒေသ ကျောက်ထုတ်လုပ်ငန်းခွင်များသည် အစိုးရသစ်လက်ထက် ကျောက်ကြမ်းဈေးနှုန်း မြင့်တက်လာခြင်း မရှိသော်လည်း တင်ဒါခေါ်ယူမှုပုံသဏ္ဌန်ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း တောင်ငူဒေသခံကျောက်ထုတ် လုပ်ငန်းရှင်များထံမှ သိရသည်။

“တင်ဒါခေါ်ယူမှုမှာ ကျောက်ဈေးကို ဌာနဆိုင်ရာတွေက ဈေးသတ်မှတ်လိုက်တဲ့အခါ လုပ်ငန်းရှင်အချို့က ကုန်ထွက်ရင်ပြီးရော တင်ဒါလိုက်ကြတယ်။ ဒီတော့ ဈေးအပြိုင်ချတဲ့ အနေအထားမျိုးဖြစ်ပြီး လုပ်ငန်းအမြတ်က ပိုနည်းလာတယ်”ဟု ကျောက်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိကျောက်တစ်ကျင်းလျှင် ကျပ် ၂၀,ဝ၀၀ မှ ၄၀,ဝ၀၀ နီးပါး ပေါက်ဈေးရှိကြောင်း လေးမိုင်ဒေသတွင်း ကျောက်ဈေးကွက်အတွင်းမှ သိရသည်။

R-15



FOLLOW US