News

POST TAGGED AS

ကျောက်စိမ်း

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဓာတ်သတ္တုနှင့် ကျောက်စိမ်း ကျောက်မျက်ကုန်စည်ပြပွဲသို့ မြန်မာ့ကျောက်စိမ်း အချောထည်များ ပြသရန် တရုတ်ဓာတ်သတ္တုအဖွဲ့က ကမ်းလှမ်းသွားခဲ့သည်။
နေပြည်တော် ကျောက်မျက်ရတနာ ပွဲပြီးဆုံးသွားပြီဖြစ်သော်လည်း မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအဝယ်ဈေးကွက် အေးနေဆဲဖြစ်ကြောင်း ကျောက်စိမ်းကုန်သည်အချို့က ပြောကြားသည်။
ကျောက်စိမ်း၊ ကျောက်မျက်ရတနာ မြေငါးခုတွင် ဒေသခံများ အလုပ်အကိုင်ရရှိစေရေးအတွက် လက်လုပ်လက်စား လုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။
နေပြည်တော်တွင် ကျင်းပရန်ရှိနေသော ကျောက်မျက်ပြပွဲကြောင့် မန္တလေးမြို့၌ ကျောက်စိမ်းအရောင်းအဝယ် အေးသွားသည်ဟု မဟာအောင်မြေ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။
မန္တလေးမဟာအောင်မြေ ကျောက်စိမ်းဈေးကွက်တွင် ကျောက်စိမ်းတုံးအတု ရောင်းချမှုတစ်ခု ဇွန်လ ၅ ရက်နေ့က ဖြစ်ခဲ့ကြောင်း ယင်းကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီ ရေပူစစ်ဆေးရေးစခန်းတွင် ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကျောက်စိမ်းတုံးများကို သိုဝှက်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ယင်းစခန်းထံမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းများ ထွက်ရှိရာ ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် ကျောက်မျက်ပြပွဲ ယနေ့ စတင်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်လာပြီး ကျောက်စိမ်းတန်ချိန် ၃၀၀ ခန့်ဖြင့် တည်ဆောက်နေသော ငြိမ်းချမ်းသာယာ ကျောက်စိမ်းလိုဏ်ဂူကို ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု ကျောက်စိမ်းလိုဏ်ဂူတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံစူပါစင်တာ ခြောက်လွှာတွင် ကျောက်စိမ်းခင်းဝိုင်းဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးရတနာမောလ် ဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ရေမဆေးကျောက်ရှာသူများကို တရားဝင် ကျောက်စိမ်းလုပ်ကွက်များချပေးရန် အမိန့်ကြော်ငြာစာ ထုတ်ပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။