News

POST TAGGED AS

ကော်မရှင်

လူ့အခွင့်အရေး စံချိန်စံညွှန်းများဖြင့် ကိုက်ညီမှု ရှိ မရှိ သိရှိနိုင်ရန် ပြည်အကျဉ်းထောင်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) က တရုတ်နိုင်ငံအခြေစိုက် Jilin Yatai Group ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် မြဝတီနယ်စပ်တွင် မြို့သစ် စီမံကိန်းတစ်ခု အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လာမည့် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့ကို လာမည့်အပတ်တွင် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တွေ့ရှိချက်များကို ရက်ပိုင်း အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
ရှမ်းပြည်နယ် အထူးဒေသ(၄) NDAA မိုင်းလား နယ်မြေအတွင်းသို့ “ဝ” တပ်ဖွဲ့များ ရောက်ရှိနေသည့်ကိစ္စ အထူး ဒေသ (၄)နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း UWSA ဥက္ကဋ္ဌပေါက်ယူချမ်းက ငြိမ်းချမ်းရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့လိုက်သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် လေးဦးကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ တရားဝင် ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေး ကြေညာလိုက်သည်။