News

POST TAGGED AS

ကော့သောင်းမြို့

ကော့သောင်းမြို့နယ်၊ သူဌေးကျွန်းရှိ Grand Andaman Hotel အမှတ် (၁) တံတားအနီးတွင် ဒဏ်ရာရထားသည့် ရှားပါးလိပ်တစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
မော်​​တော်​ယာဉ်​အား ဆိုင်ကယ်ဖြင့်ပိတ်​ဆို့၍ ရုပ်ရှင်ဆန်ဆန်လုယက်​မှုတစ်​ခု​ ကော့​သောင်းမြို့တွင်​​ မေ ၂၇ ရက်​​ နံနက် ၂ နာရီခန့်က ဖြစ်​ပွားခဲ့သည်။
ပျောက်ဆုံးနေသည့် ဆိုင်ကယ် ကယ်ရီမောင်း အမျိုးသား၏ အလောင်းကို မေလ ၄ ရက်နေ့က ကော့သောင်းမြို့နှင့် ၃၆ မိုင်ဝေးသည့် ဆီအုန်းစိုက်ခင်းများအတွင်း ပြန်လည်ရှာတွေ့ခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့် လိုင်စင်အတွက်ကို ဈေးပြိုင်အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခဲ့ရာ ကျွန်းအုပ်စုလေးခုစလုံးကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဈေးအများဆုံးပေးကာ လုပ်ကိုင်ခွင့်ရရှိသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။
ကော့သောင်းမြို့နယ်၊ စူငယ်ပါလိုင်း ကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်နေသည့် ဆလုံတိုင်းရင်းသားများ၏ ရိုးရာနတ်ပွဲကို ကင်းမွန်မီးထွန်းလှေလုပ်သားတစ်စု ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မကြုံကလက်ကျေးရွာသားများထံမှ သိရသည်။
တနင်္သာရီတိုင်းအစိုးရ ဦးဆောင်ကျင်းပမည့် ပထမဆုံးအကြိမ် ခရီးသွားရင်းနှီးမြှုပ်နှံမှုပွဲတော်ကို ကော့သောင်းမြို့တွင် လာမည့်မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်သည့်အနေနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနထံမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို ဖိတ်ခေါ်သည့်အနေနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနထံမှ သိရသည်။
ကော့သောင်းမြို့နယ်အတွင်း အလတ်စား လေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရန်အတွက် ဖြစ်မြောက်နိုင်ခြေ ရှိ၊ မရှိ အကြိုစူးစမ်းလေ့လာမှုကို ၁၁၉၉ တောင်ပေါ်တွင် ပြုလုပ်မည်ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။