News

POST TAGGED AS

ကောလိပ်

အပူရှိန်ပြင်း၍ မြင်းခြံနည်းပညာကောလိပ် နံနက်ပိုင်းသာ ကျောင်းတက်ခွင့်ပြု
မန္တလေး၊ မေ ၂၉

ရာသီဥတု ပူပြင်းသောကြောင့် အစိုးရနည်းပညာကောလိပ် (မြင်းခြံ) အနေနှင့် မေလ ၂၉ ရက်နေ့ကစ၍ ကျောင်းတက်ချိန်ကို နံနက်ပိုင်းသာ ခွင့်ပြုထားကြောင်း ယင်းကောလိပ်တွင် ပညာသင်ယူနေသော ကျောင်းသားများထံမှ သိရသည်။

“ဒီနေ့(မေ ၂၉ )က စပြီး ကျောင်းတက်ရက် ၁၅ ရက်ကို မနက်ပိုင်း (နေ့တစ်ဝက်) ပဲ  တက်ဖို့ ကြေညာထားပါတယ်”ဟု အဆိုပါကောလိပ်တွင် BE တန်းတက်နေသော ကျောင်းသားတစ်ဦးက  ပြောကြားသည်။

ယင်းကောလိပ်တွင် ပညာသင်ကြားနေသော အင်ဂျင်နီယာသင်တန်း အသီးသီး၏ ကျောင်းတက်ချိန်များကို မေလ ၂၅ ရက်နေ့က ကျင်းပသည့် စီမံခန့်ခွဲရေး အစည်းအဝေး ဆုံးဖြတ်ချက်အရ ရာသီဥတု ပူပြင်းသည့်အတွက် မေလ ၂၉ မှ ဇွန်လ ၁၆ ရက်နေ့အထိကို နံနက် ၇ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီခွဲ အထိသာ ဖွင့်ပေးရန် သတ်မှတ်ခဲ့ကြောင်း ယင်းကောလိပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကောလိပ်၏ ပုံမှန်ကျောင်းတက်ချိန်မှာ နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီ ၁၅ မိနစ်အထိ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တစ်ကြိမ် ဖြစ်သည်။             

M-01



FOLLOW US