News

POST TAGGED AS

ဧရာဝတီ

04-May-2017

ဧရာဝတီ
ဟင်္သာတတွင် တရားမဝင် ကျွန်းတံခါးချပ်များ ဖမ်းမိ
ဟင်္သာတ၊ မေ ၎

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လယ်တီကွင်းရပ်ကွက် မြို့ဝင်ကြေးဂိတ်အနီးတွင် မေလ ၃ ရက်နေ့ ညက ကျွန်းတံခါးချပ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတခရိုင် သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ချောင်းဖျားလေးကျေးရွာမှ ဟင်္သာတမြို့တွင်းသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ကျွန်းတံခါးအကြီး ၆၇ ချပ်၊ ကျွန်းပြတင်းတံခါး ၄၉ ချပ်၊ ကျွန်းမှန်လည်တံခါး ၄၉ ချပ် အပါအဝင် တံခါးဆိုဒ်စုံပေါင်း ၂ ဒသမ ၂၆၈၂ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ယင်းသို့ တရားမဝင် ကျွန်းတံခါးချပ်များ သယ်ဆောင်လာသည့်ကားကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ဦးဥာဏ်ဝင်းဆိုသူ မောင်းနှင်လာပြီး မြောက်ဒဂုံမြို့နယ်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ယာဉ်နောက်လိုက် ရဲထွန်းအောင်နှင့် မြန်အောင်မြို့နယ်နေထိုင်သူ အသက် ၄၄ နှစ်အရွယ် အေးဇော်တို့ လိုက်ပါလာကြောင်း ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း အပါအဝင် သုံးဦးကို သစ်တောဥပဒေပုဒ်မ ၄၃ (က)ဖြင့် အမှုဖွင့်ထားကြောင်း ဟင်္သာတမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

R-13

  • VIA


FOLLOW US