News

POST TAGGED AS

ဧရာဝတီ

09-Sep-2016

ဧရာဝတီ
ဧရာဝတီမြစ်ကမ်း ပြိုမှုကြောင့် နေအိမ် ၃ဝ ကျော် ဖျက်၊ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ်များ ထပ်ဖျက်ရမည်
တိုက်ကြီး၊ စက်တင်ဘာ ၈           

တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပြိုမှုကြောင့် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် လူနေအိမ် ၃၆ လုံးကို ဖျက်လိုက်ရပြီး နောက်ထပ် ဘုန်းတော်ကြီးကျောင်း အပါအဝင် အိမ်ခြေ ၃ဝ ကျော် ထပ်မံ ဖျက်ရမည့် အခြေအနေ ဖြစ်ကြောင်း ဒေသ အာဏာပိုင်များထံမှ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့တောင်ဘက် အုန်းပင်ကွင်း ကျေးရွာအုပ်စု အေးရွာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အဖျောက်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ကမ်းစပ်ကနေ ပေ၂ဝဝ လောက် မြေကြီးတွေကတော့ မြစ်ထဲ ပါသွားပြီ။ ဒီတိုင်း တစ်ပါတ်လောက်ဆို ဘုန်းကြီးကျောင်းလည်း ဖျက်ရမှာပဲ။ မုခ်ဦးတိုင်တွေကတော့ ကမ်းထဲပါသွားပြီ”ဟု ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသိန်းမြင့်က ပြောကြားသည်။ 

ကမ်းပြိုမှုကြောင့် နေအိမ် ဖျက်လိုက်ရသည့် အိမ်ထောင်စု ၃၆ စုမှ လူဦးရေ ၂၂၁ ဦးကို အေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ပေးထားကြောင်း အုန်းပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေက ပြောဆိုသည်။

“ဘုန်းကြီးကျောင်းကလည်း ကမ်းနဲ့ နီးနေတော့ နောက်တစ်ပတ်လောက်ဆို အေးရွာ ဘုန်းတော်ကြီးကျောင်းက စိုးရိမ်းစရာ ရှိနေပါတယ်။ ဘုန်းတော်ကြီးကျောင်း ပြောင်းရွှေ့ဖို့ မြေနေရာ ရှာနေရတာ ခုထိတော့ မြေနေရာ မရသေးဘူး”ဟု ၎င်းက ဆိုသည်။ 

ကမ်းပြိုမှုနှင့် ဘုန်းတော်ကြီးကျောင်းမှာ ပေ ၄ဝ ခန့်က ကွာဝေးပြီး ဘုန်းတော်ကြီးကျောင်းမှာ ရွာတစ်လျှောက် ပေ ၂၅ဝဝ ခန့်မှာ မြေအက်ကြောင်းများ ပေါ်ကာ မြေများ ပြိုကျနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

  • VIA


FOLLOW US