News

POST TAGGED AS

ဧရာဝတီ

03-Nov-2017

ဧရာဝတီ
ထိုင်းအကူအညီဖြင့် ပီလောပီနံမျိုးကောင်း၊ မျိုးသန့် ထုတ်မည်
ဟင်္သာတ၊ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပီလောပီနံ စိုက်ပျိုးသူများအတွက် မျိုးကောင်း မျိုးသန့်ရရှိရေး ထိုင်းအကူအညီဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။ 

ပီလောပီနံ စိုက်ဧကများ တိုးချဲ့နိုင်ရန် ထိုင်းနိုင်ငံ THAI WAH ကုမ္ပဏီက မြေဧက ၅၀ဝ ဖြင့် မျိုးသန့်များ ထုတ်လုပ်မည်ဖြစ်ပြီး ထွက်ရှိလာသည့် မျိုးသန့်များကို မြေဧက ၅၀ဝ၀ ရရှိလျှင် ဒေသခံ တောင်သူများနှင့် ကန်ထရိုက် လယ်ယာစနစ် စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ မအူပင်ခရိုင်တို့၌ ပီလောပီနံစိုက် ဧကပေါင်း ၃၀၉၃၀ ဧက ရှိကြောင်း လေးမျက်နှာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်  ပီလော ပီနံ အထွက်နှုန်း ကောင်းသော်လည်း လုပ်သား ရှားပါးခြင်းကြောင့် စိုက်ဧက လျှော့ချမှုများ ရှိနေပြီး ပီလောပီနံ အချောမှုန့်ကို တရုတ်နိုင်ငံ၏ ဝယ်လိုအားနှင့် ပြည်တွင်းသုံးစွဲမှု၊ ဝယ်ယူသိုလှောင်မှုကြောင့် ဈေးကောင်းရသည်ဟု ဆိုနိုင်သော်လည်း မျှော်မှန်းဈေး မရခဲ့ကြောင်း ကျုံပျော် မြို့နယ်မှ ကုန်သည်လည်းဖြစ်သူ ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သည့် ဦးလှစိုးဦးက ပြောကြားသည်။ 

တိုင်းအစိုးရအနေနှင့် ကုန်ချော ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံများ တည်ဆောက်ရန် မြေနေရာ ရှာဖွေရေးအဖွဲ့များ ဖွဲ့စည်းလုပ်ကိုင်နေပြီး၊ မျိုးကောင်း၊ မျိုးသန့် ဓာတ်မြေဩဇာ စိုက်ပျိုးနည်းစနစ်များ၊ ပံ့ပိုးပစ္စည်းများအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းမည်ဖြစ်သည်။ 

R-13

  • VIA


FOLLOW US