News

POST TAGGED AS

ဧရာဝတီ

ဧရာဝတီလင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကျေးရွာခုနှစ်ရွာအပြင် ရှိန်းမကားရွာသစ်ကိုပါ တိုးချဲ့ရန်ရှိကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်း အင်္ဂပူ၊ ထူးကြီး၊ ကြံခင်း၊ မယ်ဇလီ၊ ဘက်ရဲစသည့် မြို့ ၅ မြို့တွင် ဇွန်လ ၁၁ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးနစ်မြုပ်ရာမှ စာသင်ကျောင်း ၇၀ နီးပါး ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်း အစိုးရထံမှ သိရသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့က တင်သွင်းလာသော ဧရာဝတီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဥပဒေကြမ်း” ကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင်လက်ခံဆွေးနွေးသွားမည်ဖြစ်ရာ အများပြည်သူက ဝေဖန်အကြံပေးနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်က ဇွန်လ ၈ ရက်က ကြေညာသည်။
08-Jun-2018 tagged as တံတား ဧရာဝတီ
ကြံ့ခိုင်မှုအားနည်းလာ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား ၆ စင်းကို ယခုလ ၁ ရက်နေ့မှစတင်ပြီး တံတားများအပေါ်ဖြတ်သန်းမောင်းနှင်နိုင်မည့် ယာဉ်နှင့် ကုန်ခံနိုင်ဝန်တန်ချိန်အား လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှသိရသည်။
30-May-2018 tagged as ဧရာဝတီ သင်္ဘော
ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသ ကျောက်ချောင်းကြီး မြစ်ကျောက်ငူရွာအနီး၌ မေလ ၂၈ ရက် မွန်းလွဲပိုင်းက မိုးသက်လေပြင်းကျသဖြင့် ကျောက်ငူကမ်း ကျောက်တန်းပေါ်တွင် စိုးလင်းကျော် ၅ သင်္ဘော ကမ်းတင်ခဲ့ရကြောင်း ဧရာဝတီတိုင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
27-May-2018 tagged as ဧရာဝတီ
မကွေးတိုင်း သရက်ခရိုင်ရှိ ဧရာဝတီမြစ်အတွင်း တိုင်းအစိုးရ၏ ခွင့်ပြုချက်နှင့်မညီဘဲ ကျောက်စရစ် တူးဖော်နေသည့် ကျောက်စရစ် တူးဖော်ရေး လုပ်ငန်းရှင်များ ကို သက်တမ်းတိုး လျှောက်ထားခွင့်မပြုရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
20-May-2018 tagged as မြစ် ဧရာဝတီ
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာနှင့် မကျီးရင်း ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း၌ ကျောက်စရစ် ထုတ်ယူနေသူများကို အော်ဟစ်ကန့်ကွက်ခဲ့ကြသည့် ရွာသူ/သားများကို မြစ်ကျောက်စရစ် လုပ်ငန်းပိုင်ရှင်က တရားစွဲဆိုခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၁၈ ဧပြီလကုန်အထိ တစ်နှစ်ကျော်ကြာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရဲတပ်ဖွဲ့ဝင် ၉၀ ကျော် နုတ်ထွက်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းရှိ တိုင်းတရားလွှတ်တော်ရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် ၂၀၁၇ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်အထိ အမှုပေါင်းတစ်သောင်းကျော် စစ်ဆေးရန် ကျန်ရှိနေကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် တရားရေးဌာနက တာဝန်ရှိသူထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပြဇာတ် ကသောကျောင်းသားများကို တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားမှုနှင့်ပတ်သက်၍ ဧပြီ လ ၄ ရက်က ယင်းကျောင်းသားများကို ပုသိမ်မြို့နယ်တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့သည်။