News

POST TAGGED AS

ဧရာဝတီမြစ်

ဂေါဝိန်ဆိပ်တွင် အဝတ်လျှော်သည့်လုပ်ငန်းဖြင့် အသက်မွေးကြသည့် ခဝါသည်အများစုသည် ယခင်က မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ဈေးဗန်း ခေါင်းပေါ်တင်၍ ကျပန်းလုပ်ကိုင်ခဲ့သူများ ဖြစ်သည်။ ဈေးသည်ဘဝတွင် ငွေအရင်းအနှီး ထုတ်ရခြင်း၊ ကုန်ပစ္စည်းများ ရောင်းမကုန်သည့်နေ့တွင် အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ရခြင်းများကြောင့် ခဝါသည်ဘဝသို့ ရောက်ခဲ့ကြသူများလည်း ဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၍ စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရကြောင်း ရွှေကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ စာသင်ကျောင်း ၁၂၉ ကျောင်း ပိတ်ထားရပြီး လူနေအိမ်ခြေ ၄၇၀ ကျော်မှ လူဦးရေ ၁၇၀ဝ ကျော်သည် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရလျက် ရှိကြောင်း မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ထံမှ စုံစမ်းသိရှိရသည်။
"ဒီကိစ္စ (တရားမ၀င်နည်းနဲ့ငါးဖမ်း ဆီးခြင်း) တွေက အပြောများလာတယ်။ ဘက်ထရီရှော့ခ်တိုက်ဖမ်းတာမျိုးပေါ့။ ဒါ့ ကြောင့် အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူမှာပေါ့။ ကိုယ်တို့က မြို့ နယ်ဦးစီးမှူးလောက်ပဲ ပြောလို့ရတာကို။ ပူးပေါင်းပြီးတော့လုပ်မှရမယ်။ ဒီတစ်ပတ် ထဲမှာ အစိုးရကိုစာတင်မယ်။ အစိုးရလမ်း ညွန်ချက်ယူမယ်"