News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရေကြည်နှင့် ငါးသိုင်းချောင်း မြို့ဝင်ကြေးကောက်ခံမှုကို မတ်လအကုန်မှစတင်၍ ၆ လကြာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် မတ်လ ၁၇ ရက် နံနက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်းကာ သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး၊ အမျိုးသမီးထု ဘဝလုံခြုံရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
မြေယာများချထားပေးမည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ လတ်မှတ်အတုဖြင့်လိမ်လည်ခဲ့သည့် မူခင်းအထူးသတင်းထောက် ဦးစိန်ထွန်း (ခေါ်) စိန်ထွန်းချေဆိုသူအား မတ်လ ၁၅ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဧရာဝတီတိုင်းတွင် ဖမ်းမိသော လောင်းကစားမှုများတွင် တာဝန်ရှိ ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိ မရှိ စစ်ဆေးပြီး ပါဝင်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားသည်။
သင်္ကြန်ကာလတွင် ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ မြို့နှင့် မြို့ ၇ မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၇၀၀ ကျော်ဖြင့် လုံခြုံရေးချထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် ပုသိမ်မြို့တွင် မတ်လ ၁၇ ရက်၌ သက်သယ်မုဒိမ်းမှု ပပျောက်ရေး လှုပ်ရှားမှုလုပ်ဆောင်မည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ရှော်ချောင်းကျေးရွာ အုပ်စုရှိ ရေချိုကုန်း၊ ချမ်းသာကြီး ၁၊ ကွင်းသုံးဆင့်ကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်နှင့်အဆောက်အအုံ ၁၈ လုံးခန့် ပျက်စီးကာ အိမ်ထောင်စု ၂၀ လေဘေးဒဏ်သင့်ခဲ့ကြောင်း လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကံကြီးကျေးရွာတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ဆပ်ကပ်မှ ဆင်တစ်ကောင်က အစွယ်ဖြင့်ထိုးသဖြင့် ဗေဒင်ဆရာသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု မြစ်တစ်ရာ သစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၁၅ တွင် မတ်လ ၉ ရက် ညနေပိုင်းက ဆင်သတ်ဂိုဏ်းမှ ပါဝင်သူနှစ်ဦးကို ဖမ်းမိကြောင်း တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို မတ်လ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။