News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းရှိ ဆောက်လုပ်ဆဲ ဆေးရုံများကို နေ့စဉ် စောင့်ကြပ်စစ်ဆေးရန်အတွက် ဆေးရုံဆောက်လုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီများကို မေလတတိယပတ်က ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မေလ ၂၂ ရက်က ပြောသည်။
ဟင်္သာတမြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသအများစုရှိ တစ်နိုင်တစ်ပိုင် ဆိုင်ကယ်ဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူအများစုသည် ယခုအခါ လုပ်ငန်းရပ်ဆိုင်းသွားကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ဒေသခံပြည်သူ ၅၀၀ခန့်က မေလ ၂၁ ရက် နံနက်တွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်ဝင်းက ပြောသည်။
ဧရာဝတီတိုင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံသည်ဟုဆိုကာ တိုင်ကြားခံရမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။
ဧရာဝတီတိုင်းအတွင်းရှိ လမ်းပေါင်း ၈၀ ကျော်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအနေနှင့် ဇွန်လ ၁ ရက်နေ့ကစ၍ တန်ပို တင်ဆောင်ခွင့် မပြုတော့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဂွေးကုန်းကျေးရွာတွင် မေလ ၁၉ ရက် မွန်းလွဲပိုင်းက တစ်နှစ်ဆယ်လအရွယ်ရှိ သားကို ဖခင်က သံတူရွင်းဖြင့် ရိုက်သတ်ခဲ့ကြောင်း မြန်အောင် မြို့မရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ ထုတ်လုပ်သည့် ဝါးငါးမျှားကိုင်းတံကို ပြည်ပက မှာယူမှုများပြီး မှာသလောက်ကို ပြည်တွင်းမှ မပို့နိုင်ကြောင်း “လှော်တက်” အမည်ရှိ ဝါးငါးမျှားကိုင်း ထုတ်လုပ်ရေး လုပ်ငန်းထံမှသိရသည်။
ဧရာဝတီတိုင်းရှိ ရေလုပ်သားငယ် အစုအဖွဲ့များကို ကျပ်သိန်း ၄၀ အောက် အင်းများတွင် ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး လေလံကြေးကို တိုးမြှင့်မည်မဟုတ်ကြောင်း ဧရာဝတီတိုင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးအားကောင်းနေသည့်အတွက် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မြင့်တက်ခဲ့ပြီးနောက် မြို့ကြီးများတွင် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု လယ်တီစုကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းဘေး လယ်ကွက်များအကြားရှိ ရိုးချောင်း ချောက်ထဲတွင် မီးလောင်ထားသော လူအရိုးစုများကို မေလ ၆ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ကျောင်းကုန်းမြို့မရဲစခန်းထံမှ သိရသည်။