News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက စစ်ဆေးပြီးကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ်ခြောက်မြို့နယ်အတွက် အရှည်မိုင်နှစ်ရာကျော်ဖြင့် ကာကွယ်ထားသည့် ရေကာတာကို ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် ပထမခြောက်လ၌ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ တရားမဝင်မြစ်ကျောက်နှင့် မြစ်သဲထုတ်ယူနေခြင်းအပေါ်ထိရောက်သည့် အရေးယူမှုမရှိခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူဦးရေ များပြားလာကြောင်း ဟင်္သာတခရိုင် မြစ်ကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ကျပ်သန်း ၄၇,၆၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် စက်လှေများကို လှည့်လည်ခိုးယူနေသူကို စက်လှေ ၃၈ စီးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း၌ မိုးရာသီကာလအတွင်း ရေယာဉ်များ ညဘက်မမောင်းနှင်ရန် မေလ ၃၀ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် ရေယာဉ်လုပ်ငန်းရှင်များနှင့် ရေယာဉ်ပိုင်ရှင်များကို တိုင်းအစိုးရက တားမြစ်လိုက်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ပြောကြား သည်။
ဧရာဝတီတိုင်းရှိ စာသင်ကျောင်းများဆောက်လုပ်ရာတွင် အရည်အသွေးမမီဘဲ ဆောက်လုပ်သောကုမ္ပဏီနှင့် ယင်းကုမ္ပဏီများကို ငွေထုတ်ပေးနိုင်ရန် ထောက်ခံချက်ပေးခဲ့သော တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကြိုးတံတား ၃ စင်း၏ ကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးတွေ့ ရှိချက်များနှင့် သတ်မှတ်စည်းကမ်းချက်များကို လမ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောကြားသည်။
ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ မအူပင်-ရေလဲ-ရွှေတောင်မှော်လမ်း ရေလဲရွာအနီး မိုင်တိုင်အမှတ် ၇/၁ တွင် မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ဧရာဝတီမြစ်လက်တက်အတွင်း မေလ ၂၄ ရက်နေ့က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။