News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းရှိ အခြေခံပညာကျောင်းများသို့ ခွဲဝေချထားပေးသော ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာချပြသုံးစွဲရမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
ဧရာဝတီတိုင်းရှိ အခြေခံကျောင်းများတွင် အရည်အသွေးမမီသည့် ကျောင်းဝတ်စုံများ ဖြန့်ဝေထုတ်ပေးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သူများကို ဇူလိုင်လ ၃၁ ရက်က မြို့နယ်အားကစားရုံး ခန်းမတွင် “တောဆင်ရိုင်း ထိန်းသိမ်းရေး ကာကွယ်ရေး သူရဲကောင်းဆု” ချီးမြှင့်ခဲ့သည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း “အ.ထ.က (ဒေါင့်ကြီး)” ကျောင်း၏ RC ၂ ထပ်ဆောင်သစ်ကို ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မပြည့်သည့်အတွက် ဆောက်သည့်ကုမ္ပဏီကို အရေးယူမည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ရောင်းချနေသော စက်သုံးဆီ ဆိုင်ငယ် (ပန့်ဆိုင်အသေးစား) များအတွက် တရားဝင်ရောင်းချခွင့်ကို လောလောဆယ်တွင် ခွင့်မပြုနိုင်သေးကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် မယားပါသမီးအား ရှစ်နှစ်ခန့် သားမယားပြုကျင့်နေသည့် ပထွေးကို မြောင်းမြ မြို့မရဲစခန်းက ဇူလိုင် ၂၄ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စွန့်ပစ်ကားတာယာမှ စက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုအပြင် ကုန်ကြမ်းရှားပါးမှု အခက်အခဲများကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်း ပုသိမ်မြို့ရှိ ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်း မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်က အသက် ၈၀ နှစ်နှင့် ၈၁ နှစ်ရှိ ဇနီးမောင်နှံနှစ်ဦးကို သတ်ဖြတ်ခဲ့သူ အမျိုးသားကို ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
ဧရာဝတီတိုင်းအတွင်း၌ ရက် ၁၀၀ အတွင်း အိမ်ခြံမြေဂရန်များ ထုတ်ပေးနိုင်ရေးအတွက် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် အောင်ချမ်းသာလမ်းမကြီး ၂ ခုနှင့် လမ်းသွယ် ၈ ခုရှိ အိမ်မြေယာဂရန် ၂၃၅ ကွက်ကို ရှေ့ပြေးစီမံချက် (Pilot Project) ဖြင့် စတင်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ ပုသိမ်ကြိုး တံတားအနီးရှိ ဂွေးချိုကျေးရွာရှိ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး စက်ရုံအသစ် (33/11 KV) တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇူလိုင် ၁၃ ရက်နေ့မှစတင်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ပုသိမ်ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးဌာနထံမှသိရသည်။