News

POST TAGGED AS

ဧရာဝတီတိုင်း

18-Jul-2018

လူသတ်မှု
လှိုင်သာယာ-တွံတေးကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး အသတ်ခံရ
ရန်ကုန်၊ ဇူလိုင် ၁၈ 

တွံတေးမြို့နယ်၊ အထက်ကမာ တကောကျေးရွာအနီး၊ လှိုင်သာယာ-တွံတေး ကားလမ်း၊ မိုင်တိုင်အမှတ် ၁၆ မိုင် ၅ ဖာလုံအနီးတွင် ဇူလိုင်လ ၁၇ ရက် ည ၈ နာရီခွဲကျော်ခန့်က အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး ၎င်းပိုင်ယာဉ်ပေါ်တွင် အသတ်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဒဏ်ရာများဖြင့် သေဆုံးနေသူမှာ လမ်းမတော်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေတောင်တန်းလမ်းတွင် နေထိုင်ပြီး ဦးခင်မောင်ထွေးဆိုသူဖြစ်ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အသိမိတ်ဆွေများနှင့် ၎င်းသွားလာတတ်သည့်နေရာများအား လိုက်လံရှာဖွေနေစဉ် တွံတေးမြို့ နယ်၊ အိုင်ကြီးကျေးရွာသို့ အလုပ်ကိစ္စဖြင့်သွားရောက်ကြောင်း သတင်းရသဖြင့် ဆက်လက်လိုက်လံရှာဖွေရာ အထက်ပါနေရာအရောက် ယာဉ်၏ ဦးခေါင်းခန်း ဒရိုင်ဘာထိုင်ခုံပေါ်တွင် ဘယ်ဘက်သို့ လဲကျလျက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဘာကိစ္စနဲ့လာတယ်၊ ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိသေးဘူး၊ စစ်ဆေးနေတုန်းပါ၊ ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းရှာဖွေနေပါတယ်”ဟု တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အသက်ခံရသူမှာ ရင်ညွန့်တည့်တည့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ပင်းတည့်တည့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ပင်းဘယ်ဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ကုပ်ထိုးသွင်းဒဏ်ရာတစ်ချက်၊ နဖူးဘယ်ဘက် ဖူးရောင်ညိုမည်းဒဏ်ရာ၊ ဘယ်ပါးဖူးရောင် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း၊ လူသတ်မှုနှင့်ပတ်သက်၍ ခလောက်ချိုင် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16



FOLLOW US