News

POST TAGGED AS

ဧရာဝတီတိုင်း

လွှတ်တော်ကိုယ်စားလှယ်များကို တရားစွဲဆိုမှု ပြည်ထောင်စုတရားလွှတ်တော်ထံ အယူခံတက်
ပုသိမ်၊ ဇူလိုင် ၁၄ 

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများအပါအဝင် ၇ ဦးကို နစ်နာကြေး ကျပ်သိန်းနှစ်သောင်း ရလိုကြောင်း ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တရားစွဲဆိုမှု တရားလိုဘက်က ပြည်ထောင်စုတရားလွှတ်တော်ထံ အယူခံတက်သဖြင့် တရားဆက်လက်ရင်ဆိုင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

တရားစွဲဆိုမှုနှင့် ပတ်သက်၍ ၈ လခန့် တရားရင်ဆိုင်ခဲ့ရပြီး ရုံးချိန်း ၁၂ ချိန်းသွား ရောက်ခဲ့ရကြောင်း၊ ယခုကဲ့သို့ တရားလိုဘက်က အယူခံတက်သဖြင့် အချိန်ကုန်၊ စရိတ်ကုန်ကာ အမှုဆက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ရှင်းပြသည်။

“ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ နောက်တာဝန်အရ လုပ်ဆောင်တာတွေ၊ တရားဥပဒေအရ လုပ်ဆောင်တာတွေ၊ ဥပဒေခွင့်ပြုချက်အရ လုပ်ဆောင်တာတွေကို တရားမနစ်နာမှုအရ တရားစွဲဆိုခွင့် မရှိကြောင်း တိုင်းတရား လွှတ်တော်က ပလပ်မိန့်ချမှတ်လိုက်တယ်၊ ဒါကို တရားလို ကုမ္ပဏီဘက်က တရားလွှတ်တော်ချုပ်ကို တရားမ အယူခံတက်တာ၊ ကျွန်တော်တို့ ဇွန် ၂၉ ရက်ရုံးချိန်းမှာ ကိုယ်စားလှယ်ပါဝါ တင်ပြီးပါပြီ၊ ဇူလိုင်လ ၇ရက်က ရုံးချိန်း တစ်ခါသွားတယ်၊ တရားလွှတ်တော်ချုပ်က ရုံးပြန်ချိန်းတဲ့နေ့ကျရင် လျှောက်လွှဲချက်တွေ တင်ကြရမှာပါ”ဟု အယူခံ တရားပြိုင်များ၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ရှင်းပြသည်။ 

ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကွင်းရှိ ဧက ၁၁၅၀ ကျော်ကို ၂၀၀၃ ခုနှစ်တွင် ပင်လုံရတနာဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီက ငါးကန်လုပ်ကိုင်ခွင့်ကို ရရှိခဲ့ကြောင်း၊ ဒေသခံနှင့်ကုမ္ပဏီကြား မြေအငြင်းပွားမှုကြောင့် ၂၀၁၆ ခုနှစ်မှစ၍ ငါးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍မရခြင်း၊ တရားစွဲဆိုခံရခြင်းစသည်တို့ ဖြစ်ပေါ်နေသဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ယခု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး) နှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူကိုယ်စားလှယ် ၁ ဦးတို့ကို ကျပ်သိန်းနှစ်သောင်းရလိုမှုဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ဧရာဝတီတိုင်တရား လွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲခဲ့သည်။ 

ယင်းတရားစွဲဆိုမှုကို ၈ လကြာ စစ်ဆေးပြီးနောက် ၂၀၁၈ခုနှစ် မတ်လ ၇ ရက်က ပလပ်မိန့်ချမှတ်ခဲ့သည်။ 

“ကျွန်တော်တော့ ဒီအမိန့်ကို ကျေနပ်မှု မရှိဘူး၊ ကျွန်တော်တို့အတွက် နစ်နာမှုတွေ သိပ်များနေပြီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံဆက်တက်သွားမှာပါ”ဟု အမိန့်ချမှတ်သည့်နေ့က ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ မန်နေဂျာ ဦးမြင့်သန်းက ပြောကြားသည်။ 

R-11




FOLLOW US