News

POST TAGGED AS

ဧရာဝတီတိုင်း

မအူပင်တွင် နှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်
ပုသိမ်၊ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ် အနောက်ကျေးရွာတွင် နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၆ နာရီခန့်က နှစ်လောင်းပြိုင် ခေါင်းဖြတ်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

ယင်းကျေးရွာနေ ငါးကန်ပိုင်ရှင် ဦးစိမ်းညို (၃၆ နှစ်ခန့်)က တစ်ရွာတည်းနေ ငါးကန်ပိုင်ရှင် ဦးကျော်လင်း၏ အလုပ်သမားများဖြစ်သည့် ဦးလင်းလင်းထွဋ်(၃၅ နှစ်)နှင့် ဦးမောင်ထူး(၄၃ နှစ်)တို့နှစ်ဦးကို ကိုင်းခုတ်ဓားဖြင့် ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဦးစိမ်းညိုနှင့် ဦးကျော်လင်းတို့ ငါးကန်ပိုင်ရှင်နှစ်ဦး အမှုဖြစ်ရာတွင် အသတ်ခံရသည့် အလုပ်သမား နှစ်ဦးက ဦးကျော်လင်းဘက်မှ သက်သေလိုက်ခဲ့သဖြင့် ရန်ငြိုးထားပြီး သတ်ဖြတ်ခြင်းဖြစ်ကြောင်း ရဲစစ်ချက်အရ သိရှိရသည်။ 

ထိုသို့ ခေါင်းဖြတ်သတ်ခဲ့ပြီးနောက် ခန္ဓာကိုယ်များကို ငါးကန်ပိုင်ရှင် ဦးကျော်လင်း၏ ငါးကန်အတွင်း ရွှံ့အိုင်ထဲ၌ထားခဲ့ပြီး ခေါင်းနှစ်လုံးကို ပီနံအိတ်ဖြင့်ထုပ်ပိုးကာ သီးခြားနေရာတွင် စွန့်ပစ်ခဲ့ကြောင်း ရဲစခန်းထံမှ သိရှိရသည်။ 

လူသတ်မှုကျူးလွန်သူ ဦးစိမ်းညိုကို လူသတ်ရာတွင် အသုံးပြုသည့် အရှည် နှစ်ပေခွဲကျော်၊ ဗျက် နှစ်လက်မရှိ ကိုင်းခုတ်ဓါးနှင့်အတူ ယင်းနေ့ ညကပင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

R-12



FOLLOW US