News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်ကို အငြိမ်းစား ဒုရဲမှူးကြီး အမှုဖွင့်
ပုသိမ်၊ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး အပါအဝင် အမျိုးသားတစ်ဦးက ရဲပြုတ်ဟု ပြောဆိုသည်ဆိုကာ ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေ့နေ ဦးကျော်ငြိမ်းက မြောင်းမြမြို့မရဲစခန်းတွင် နိုဝင်ဘာလ ၁၈ ရက်က အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အစည်းအဝေးတစ်ခုတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးနှင့် ကိုပြူးဆိုသူက ရဲပြုတ်ဟု ပြောဆိုခဲ့ကြောင်း၊ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရခြင်းကိုလည်း အပြစ်ဖြင့် ပြောင်းရသည် ကြားသိရသည်ဟု ဒေါ်ခိုင်ဇင်ဦးက ပြောကြောင်း၊ ထိုသို့ပြောဆိုမှုမှာ မိမိဂုဏ်သိက္ခာ ထိခိုက်သဖြင့် နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေး ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားသူ ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ ဦးကျော်ငြိမ်း ပြောသည်။

“သက်ပြည့်ပင်စင်စားတစ်ဦးပါ၊ ပြုတ်လာတာ မဟုတ်ဘူး၊ ကျွန်တော့်ဘဝမှာ ရာထူးတိုးတာတွေ၊ နာမည်ကောင်း လက်မှတ်တွေ ရှိပါတယ်၊ အခုအလုပ်က အထက်တန်းရှေနေ့ပါ။ ဂုဏ်သိက္ခာ ထိခိုက်လို့ အမှုဖွင့်လိုက်တာ”ဟု ၎င်းက ပြောဆိုသည်။

အမှုဖွင့် တိုင်ကြားခံရသည့် မြောင်းမြမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ အကြောင်းကြား အသိပေးခံထားရခြင်း မရှိကြောင်း ပြောကြားသည်။ 

အဆိုပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို အမှုဖွင့်လှစ်မှုနှင့်ပတ်သက်၍  သက်ဆိုင်ရာတွင် ခွင့်ပြုချက်တောင်းပြီး အမှုတည်ဆောက်ရန် ရှိနေသေးကြောင်း မြောင်းမြမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

လွှတ်တော်သို့ အကြောင်းကြားလာပါက လွှတ်တော်၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေနှင့်အညီ လုပ်ဆောင်သွားမည် ဖြစ်သော်လည်း လက်ရှိတွင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း၊ ဒေါ်ခိုင်ဇင်ဦးမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ခံရသည့် မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ယခင်က ရှေ့နေတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိတွင် တိုင်းဒေသကြီး လွှတ်တော်၌ ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများ စစ်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်နေကြောင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။

R-12



FOLLOW US