News

POST TAGGED AS

ဧရာဝတီတိုင်း

ငပုတောမြို့နယ်မှ ခေါင်းဖြတ်လူသတ်မှု သုံးဦးဖမ်းမိ
ပုသိမ်၊ နိုဝင်ဘာ ၈ 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဂုံးချောင်းကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက်နေ့ည ခေါင်းဖြတ်လူသတ်မှုမှ ကျူးလွန်သူသုံးဦးကို ဖမ်းမိထားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဂုံးချောင်းကျေးရွာနေ အသက် ၃၉ နှစ်အရွယ် စောဝင်းရွှေသည် ဖုန်းအားသွင်းရန် ဘက်ထရီကို နေအိမ်အနီးရှိဆည်သို့ သွားရောက်ယူဆောင်စဉ် ခေါင်းဖြတ် အသတ်ခံရခြင်းဖြစ်ကြောင်း၊ အလောင်းအနီးကျန်ခဲ့သော ဓားအိမ်တစ်ခုကို ခြေရာခံကာ သံသယတရားခံတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်ဖမ်းဆီးစစ်ဆေးရာမှ ပူးပေါင်းပါဝင်သူနှစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

အဆိုပါခေါင်းဖြတ်လူသတ်မှုမှ သံသယရှိသူ သုံးဦးဖြစ်သော အသက် ၃၄ နှစ် အသက် ၃၀ အကြားရှိသူ စောလူအေး၊ သားငယ်နှင့် တင်ကိုဝင်းတို့ကို ငပုတောမြို့မရဲစခန်းက ပြစ်မှုအမှတ် (ပ) ၃၄၇/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-12



FOLLOW US