News

POST TAGGED AS

ဧရာဝတီတိုင်း

ဘိုကလေးတွင် တစ်နာရီအတွင်း နေရာနှစ်ခု မီးလောင်
ပုသိမ်၊ နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၆ ရက်)က မွန်းလွဲပိုင်းက တစ်နာရီအတွင်း နေရာနှစ်ခု မီးလောင်ခဲ့သည်။

ယနေ့ မွန်းတည့် ၁၂နာရီခန့်က ဘိုကလေးမြို့ အမှတ် ၁ ရပ်ကွက် ကမ်းနားလမ်း ငါးကြီးဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ရုံမီးလောင်ခဲ့ရာ သိုလှောင်ရုံနှင့် လူနေ အဆောက်အအုံ ၈ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

စက်သုံးဆီ သိုလှောင်ရုံ မီးလောင်အပြီး ၁၅ မိနစ်ခန့်အကြာတွင် ဘိုကလေးမြို့နှင့် ဆယ်မိုင်ခန့်အကွာ မြစ်ကမ်းနားရှိ မြင်းကကုန်းရွာတွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် လူနေအိမ် ၉ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ စတင် လောင်ကျွမ်းရသည့် အကြောင်းအရင်း၊ ဆုံးရှုံးမှုတန်ဖိုးကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူများ စစ်ဆေး တွက်ချက်နေဆဲဖြစ်သည်။

မီးလောင်မှုသတင်းကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ညွှန်ကြားမှု ဦးစီးဌာနရုံး တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲဗလမျိုးဝင်းတို့က အတည်ပြု ပြောကြားထားခြင်းဖြစ်သည်။

R-12



FOLLOW US