News

POST TAGGED AS

ဧရာဝတီတိုင်း

29-Oct-2017

ပုသိမ်
ပုသိမ် ကန်သာယာ ပန်းဥယျာဉ်ရှိ အုတ်တံတိုင်းများ ပြန်အဆင့်မြှင့်မည်
ပုသိမ်၊ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အများပြည်သူ အနားယူ အပန်းဖြေရာ နေရာဖြစ်သည့် ကန်သာယာ ပန်းဥယျာဉ် (ကန်သုံးဆင့်)မှ အပိတ် ကာရန်ထားသော အုတ်တံတိုင်းများကို အပြင်မှအတွင်းသို့ မြင်နိုင်သည့် အုတ်တံတိုင်းများအဖြစ် ပြန်လည် ကာရံကာ အဆင့်မြှင့်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ယင်းအုတ်တံတိုင်းဝင်းအတွင်း၌ ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး မမြင်ကွယ်ရာ နေရာတစ်ခု ဖြစ်နေသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း၊ ယင်းကြောင့် အပြင်ကကြည့်ပါက အတွင်းကိုမြင်ရသည့် အုတ်တံတိုင်း အမျိုးအစား ပြန်လည် ကာရံပေးရန်နှင့် ချုံနွယ်တွေ ရှင်းလင်းရန်ကို ငှားရမ်းခွင့်ရထားသူ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပုသိမ်တက္ကသိုလ်နဲ့ကလည်း နီးတယ်။ တိရစ္ဆာန်ရုံလုပ်ဖို့ဆိုပြီး အုတ်တံတိုင်းကလည်း အပိတ်ကာထားတယ်။ ကန်သုံးဆင့်ကိုလည်း မမြင်ရတော့ဘူး။ အတွင်းဘက်မှာလည်း ချုံနွယ်တွေက အများကြီး ရှိနေတယ်။ ညဘက်ဆို မီးက မလင်း တလင်းဆိုတော့ မဖွယ်မရာကိစ္စထက် ဒုစရိုက်မှုတွေဖြစ်ဖို့ လက်ယပ်ခေါ်သလို ဖြစ်နေပါတယ်”ဟု ပုသိမ်တက္ကသိုလ်အနီး အနော်ရထာလမ်းမှ စတိုးဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ကန်သာယာ ပန်းဥယျာဉ်နှင့် အပန်းဖြေနေရာများသည် ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။    

R-11

  • VIA


FOLLOW US