News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း မြစ်ရေတိုက်စားသည့်အတွက် မြစ်ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် ၄ ဆကျော်မြင့်တက်ကြောင်း ယင်းတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံမှ သိရသည်။
တရားမဝင်ငါးဖမ်းနေမှုများကို စိစစ်အရေးယူပေးရန် နှောင့်နှေးသည်ဟုဆိုကာ ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးအပါအဝင် ဟင်္သာတမြို့နယ်၊ အင်းတင်ဒါ စိစစ်ရေးကော်မတီဥက္ကဋ္ဌတို့ကို စစ်ဆေးအရေးယူပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ ရေလုပ်သားများက တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူ ရေလုပ်သားအဖွဲ့အတွင်းရေးမှူး ဦးစိန်ဝင်းက ပြောကြားသည်။
လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်လက်မှတ် ပုံစံ (၇) မူရင်း အပ်နှံနိုင်မှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးသည့်စနစ်ကို ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် စတင်လိုက်သည့်အတွက် ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစရိတ်ထုတ်ချေးသည့် လယ်သမားဦးရေ ယခင်နှစ်ကထက် သုံးသောင်းကျော်လျော့ကျခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရသည်။
ဧရာဝတီတိုင်း လပွတ္တာနှင့် မြောင်းမြ မြို့နယ်အစပ်ရှိ ၁၉၉၈ ခုနှစ်က တည်ဆောက်ထားသည့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားကို အသစ်ပြန်လည် ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် စက်တင်ဘာလ ၁ ရက်မှစ၍ ဒေသခံ ၁၀၀၀ ကျော် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရကြောင်း ကျေးရွာရပ်မိရပ်ဖများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် တပ်မတော်နှင့် အကျဉ်းဦးစီးဌာနတို့က သိမ်းဆည်းခဲ့သော မြေယာများနှင့်ပတ်သက်၍ တိကျသော လျော်ကြေးနှုန်းထားကို ချမှတ်ပေးရန် ပြည်ထောင်စုအဆင့်သို့ တင်ပြမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးမျိုးစေ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီအခြေစိုက် Welt Hunger Hilfe (WHH) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ (Partner Agreement) သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်ဝင်းအတွင်း အဆောက်အအုံသစ် တည်ဆောက်ရန် မြေတူးရာမှ စစ်ကျန် အမြောက်ကျည်ဆန်ဟောင်းတစ်ခုကို ဩဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။
ဧရာဝတီတိုင်း ငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းရှိ ထန်းတပင် ဆင်စခန်းတွင် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်မှစ၍ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း ဆင်မိတ်ဆွေများအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ်တစ်ခုထား ရှိရေးအတွက် နိုင်ငံရေးသမားများက တောင်းဆိုခဲ့ကြောင်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။