News

POST TAGGED AS

ဦးဖြိုးမင်းသိန်း

ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူစာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့် စာရင်းမှာ ပိုမိုများပြားနေသဖြင့် အားလုံးကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်မြို့၌ မိုးတွင်းအခါ မကြာခဏ ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုကို ကန်ဒေါ်လာ သန်းတစ်ရာ သုံး၍ ဖြေရှင်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ကျန်းမာရေးနှင့် ညီညွတ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူများက တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဖြင့် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လုပ်ပိုင်ခွင့်ဖြင့် မြေဂရန် အမြန်ဆုံး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုသည့် အတွက် ၎င်း၏ ကိုယ်ရေးအရာရှိကို ကျပ်ငွေ ၁၂ သိန်း ပေးခဲ့ရကြောင်း ဇွန်လ ၂ ရက်နေ့က တာမွေမြို့နယ် ဟစ်တိုင်ကွင်းဘေးတွင် ဦးမိုက်ကယ်ကျော်မြင့်က သတင်းမီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့သည်။
ကျောင်းကားကိစ္စလုပ်ရုံဖြင့် အမှန်တကယ်ပင် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်မည်လား။ ကျောင်းသား၊ ကျောင်းသူများ အမှန်တကပင် ကိုယ့်အားကိုယ်ကိုးနိုင်မည်လား ဆိုသည်က ဒွိဟဖြစ်ဖွယ်ပင်။
မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံး၏ ဖိတ်ကြားမှုအရ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ယခုလအတွင်း အီတလီနိုင်ငံသို့ လေ့လာရေးခရီးသွားမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
ဝန်ကြီးချုပ်၏ စေတနာဖြင့် ရန်ကုန်လူထုစိတ်ကို ထပ်မံကိုင်လှုပ်ခဲ့သည့် YBS မှာ ခြောက်အိပ်မက်လို ယနေ့တိုင် ဒုက္ခရောက်နေဆဲဖြစ်သည်။ သုံးလကျော်ကြာသည်အထိ ယာဉ်အရေအတွက် မလုံလောက်သည့် ပြသနာကြောင့် နေပူပူတွင် ချွေးရွှဲလူပိသည့်ဒဏ်ကို ရန်ကုန်ပြည်သူတို့ ခံစားနေရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ပတ်သက်၍ လွန်လိုင်းလူမှုရေးကွန်ရက်နှင့် ပုဂ္ဂလိက သတင်းမီဒီယာများမှ တစ်ဆင့် ယခုနောက်ပိုင်း ဝေဖန်မှုများ အထူးမြင့်တက်လာခြင်းမှာ အရပ်သားစစ်စစ် အများဆုံး ပါဝင်သော အစိုးရတစ်ရပ်အတွက် ယူတတ်ပါက သင်ခန်းစာများ ရရှိနိုင်ပေသည်။
YBS သည် လက်ရှိတွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ ဒုက္ခရောက်နေသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည်။ မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲသူသည် ဝန်ကြီးချုပ်ပင် မဟုတ်ပါလော။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြည်သူသန်းနှင့်ချီ ဒုက္ခရောက်နေကြသော စနစ်တစ်ခုအတွက် ဝန်ကြီးချုပ်တွင် တာဝန်ရှိသည် မဟုတ်ပါလော။
ရန်ကုန်မြို့တော်တွင် YBS စနစ်ကို မြေစမ်းခရမ်းပျိုးခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။ ယင်းမတိုင်ခင်ကလည်း သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သေးသည်။