News

POST TAGGED AS

ဦးဖြိုးမင်းသိန်း

ရန်ကုန်ရှိ နည်းပညာတက္ကသိုလ်များကို ယခုနှစ်အတွင်း အဆင့်မြှင့်မည်
ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် သုံးခုနှင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

ယခုအဆင့်မြှင့်တင်မည့် တက္ကသိုလ်ကျောင်းများတွင် စားပွဲကုလားထိုင် အနည်းငယ်နှင့် အနည်းငယ် ဟောင်းနွမ်းနေသည့် ခန်းမများသာရှိပြီး လက်တွေ့ကျကျ အသုံးချ ဆောင်ရွက်နိုင်မည့် ပစ္စည်းကောင်း အချို့သာ ရှိသည်တို့ကို မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းများကို အဆင့်မြှင့်တင်နိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်များလည်း တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီကျောင်းတွေရဲ့ အချိန်ပြည့် ဒီခန်းမတွေကို အသုံးချနိုင်မယ်ဆိုရင် ဒီခန်းမတွေဟာ သင်တန်းပေးနိုင်မယ့် နေရာတွေ ဖြစ်လာမှာပါ။ အခုကျောင်းတွေက မနက်အစောနဲ့ ညဘက်မှာ ခြောက်ကပ်နေတယ်။ အဆင့်မြှင့်လိုက်ရင် နေ့ဘက်၊ ညဘက်ကျောင်းကြီးဟာ စည်ကားနေမယ်။ သင်တန်းတွေကိုလည်း ကျောင်းထဲမှာသွားပြီး သင်ကြားနိုင်မှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

အဆင့်မြှင့်တင်မည့် တက္ကသိုလ် လေးခုကို စက်မှုဇုန်များနှင့် အပြန်အလှန် ထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှသာ SME ကဏ္ဍကို လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ရည်မှန်းထားကြောင်း၊ သန်လျင်၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့သည် စက်မှုဇုန်များကို ကျောထောက်နောက်ခံပေးရန် အဆင်သင့် ရှိနေသည့် နေရာများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

J-11



FOLLOW US