News

POST TAGGED AS

ဦးသိန်းစိန်

ပုသိမ်ခရိုင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် ရွေးရန်ကျန်
ပုသိမ်၊ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ မြို့နယ်များတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခဲ့ရာ မပြီးပြတ်သေးသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး အယောက် ၆၀ ကျော်ရွေးရန် ကျန်နေကြောင်း ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

ပုသိမ်ခရိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၈၅ ဦးအနက် ၅၂၄ ဦး ရွေးချယ်ပြီးကာ ၆၁ ဦး ကျန်နေကြောင်း အဆိုပါရုံး၏ စာရင်းများအရ သိရသည်။ 

ရပ်ကွက်နှင့် ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးခြင်းမရှိ ကြန့်ကြာနေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို အမြန်ဆုံး ရွေးချယ်ရန် ညွှန်ကြားထားကြောင်း၊ ရွေးချယ်မှုများကို တိုင်တန်းစာများ ရောက်လာပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းထူးက ပြောသည်။

“ပုသိမ်ခရိုင်အတွင်းမှာ ရွေးချယ်ပြီးသားတွေကိုတော့ အတည်ပြုခန့်အပ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရကို တင်ပြထားထားတယ်။ ကျန်နေတဲ့ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ တချို့က အောက်ခြေမှာ ခဲရာခဲဆစ် စနစ်တကျလုပ်နေကြရတယ်။ တချို့ကလည်း လုပ်နေရင်းနဲ့ အကြောင်းမညီညွတ်တာတွေရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့အချို့မှ ရွေးချယ်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် သင်တန်းများ တက်ခဲ့သော်လည်း ကျေညက်မှုမရှိခြင်း၊ ပါတီများနှင့် ပြည်သူအများစုမှာ ရွေးချယ်ရမည့် သဘောထားမူဝါဒ အစိုးရ၏ ရည်ရွယ်ချက် စေတနာမှန်ကို နားလည်သိရှိမှု အားနည်းနေခြင်းတို့ကြောင့် အချို့ဒေသများတွင် ပြိုင်ဆိုင်မှုကြီးမားသည်ကို တွေ့ရကြောင်း ရပ်/ကျေး ရွေးချယ်မှုကို စောင့်ကြည့်လေ့လာသည့် ပညာရေးမှူးဟောင်းတစ်ဦးက သုံးသပ်သည်။

R-12



FOLLOW US