News

POST TAGGED AS

ဦးဝီရသူ

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ထုတ်ပြန်သော အစီရင်ခံစာကို ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရှုတ်ချပွဲတွင် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူက ရခိုင်ပြည်နယ် မောင်တောဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာပေးရန် တောင်းဆိုခဲ့သည်။
13-Jul-2017 tagged as မဘသ ဦးဝီရသူ
ပြီးခဲ့သည့်နှစ်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများသို့ ဆရာတော် ဦးဝီရသူ သွားရောက်ခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ပညာရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝီရသူ၏ ခရီးစဉ်၌ လိုက်ပါသော မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
11-Jul-2017 tagged as မဘသ ဦးဝီရသူ
မန္တလေးတိုင်းဒေသကြီး မဘသ အဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော ဆရာတော် ဦးဝီရသူသည် ဇူလိုင်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်း မဘသအဖွဲ့ထံမှ သိရသည်။
27-Jun-2017 tagged as ဦးဝီရသူ
မဘသအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့မှ ဆရာတော် ဦးဝိရသူ နုတ်ထွက်ကြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဒေါက်တာသောပါကက မိန့်သည်။
12-Jun-2017 tagged as မဘသ ဦးဝီရသူ
ကရင်ပြည်နယ် ဘားအံမြို့ရှိ မဲဘောင်ကျောင်းတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ထပ်ဆင့် အသိပေးရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ရာ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) တက်ရောက် ရှင်းလင်း ပြောဆိုခဲ့သည်။
05-May-2017 tagged as ဦးဝီရသူ
ရခိုင်ပြည်နယ်သို့ မေလ ၃ ရက်နေ့ကတည်းက ရောက်ရှိနေသော မဘသ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သည့် ဆရာတော် ဦးဝီရသူသည် မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်နှင့် သီးသန့်ဆွေးနွေးခဲ့ကြောင်း နယ်ခြားစောင့်နယ်တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မဘသအဖွဲ့၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော ဦးဝီရသူ အပါအဝင် ဆရာတော် ၁၀ ပါးသည် မေလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်က မောင်တောမြို့သို့ ရောက်ရှိလာခဲ့ကြောင်း မဘသ(ဗဟို) အဖွဲ့ထံမှ သိရသည်။
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားသည်ဟုဆိုကာ အမှုဖွင့်ခြင်း ခံထားရသည့် Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲပေးရန် မဘသ အဖွဲ့က သာသနာရေး ဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ဆရာတော် ဦးဝီရသူကို ဥပဒေအရ အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနထံ လိပ်မူပြီး စာရေးသား ပေးပို့တိုင်ကြားထားသော်လည်း မိမိအနေနှင့် တိုက်ရိုက် တရားစွဲဆိုသွားရန် မရှိကြောင်း ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြောကြားသည်။
31-Mar-2017 tagged as ဦးဝီရသူ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် (၅၃) ရပ်ကွက်တွင် မတ်လ ၃၁ ရက်နေ့ ညပိုင်းက လာရောက်တရားဟောသည့် ဦးဝီရသူ၏ တရားပွဲ စီစဉ်သူကို ရပ်ကွက်နေသူများက အမှုဖွင့်မည် ဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရှိရသည်။