News

POST TAGGED AS

ဦးဝင်းမြင့်

09-Jun-2017

NLD ဦးဝင်းမြင့်
ဓာတ်မြေသြဇာ သင့်တင့်သည့်ဈေးဖြင့် တောင်သူလက်ထဲရောက်ရန် လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
နေပြည်တော်၊ ဇွန် ၈

တောင်သူလယ်သမားများထံ ဓာတ်မြေသြဇာကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ရောက်ရှိသုံးစွဲနိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ပြောကြားလိုက်သည်။
“သင့်တင့်တဲ့ဈေးနဲ့ သုံးနိုင်အောင် ဝန်ကြီးဌာနက ဆောင်ရွက်ပေးပါ” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း တင်သွင်းသည့် ပြည်တွင်းထုတ်နေသော ယူရီးယား ဓာတ်မြေသြဇာများကို အရည်အသွေး ထိန်းသိမ်းပေးရန် စနစ်တကျထုပ်ပိုးပြီး တောင်သူများ လက်ဝယ်သို့ သင့်တင့်မျှတသောဈေးဖြင့် အဆင်ပြေ ချောမွေ့စွာဖြန့် ဖြူးပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်ရှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် စိုက်ပျိုးရေးသုံး မြေသြဇာများသည် ပြည်ပမှ ၇၃ ရာခိုင်နှုန်း တင်သွင်းနေရပြီး ခုနစ်ရာခိုင်နှုန်းကိုသာ ပြည်တွင်းမှ ထုတ်လုပ်သုံးစွဲနေရသောကြောင့် ရောင်းလိုအားထက် ဝယ်လိုအား များပြားနေကြောင်း၊ ယင်းအခြေအနေသည် ငွေကြေး အဆင်ပြေသည့် တောင်သူနှင့် ကုန်သည်များသာ အဆင်ပြေနိုင်မည့် အခြေအနေ ဖြစ်သောကြောင့် မှောင်ခိုဈေးကွက် ကင်းလွတ်ရေး လုပ်ဆောင်ရန် လိုကြောင်း ဦးဝင်းမြင့်က ဆိုသည်။

ထို့ကြောင့် ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားရန် ကိုယ်စားလှယ်များက သဘောတူသောကြောင့် မှတ်တမ်းတင် စောင့်ကြည့်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။  

M06



FOLLOW US