News

POST TAGGED AS

ဦးပိန်

သင်္ကြန်ကာလအတွင်း ဦးပိန်တံတားသို့ လာရောက် လည်ပတ်သူများသောကြောင့် ယင်းကာလတွင် တံတားကြံ့ခိုင်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
12-Nov-2016 tagged as ဦးပိန်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းခိုင်းထားသော အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ပြင်ဆင်နေမှုကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်ဖွယ်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။
01-Aug-2016 tagged as ဦးပိန် တံတား
အမရပူရမြို့နယ် တောင်သမန်အင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားကို ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းကစလို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပါတယ်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် တံတားအောက်ခြေ ကြမ်းပြင်ကို ရေထိနေပြီး အနိမ့်ပိုင်း နေရာတွေမှာတော့ ရေကျော်စ ပြုနေပြီ ဖြစ်ပါတယ်
ဖယ်ရှားလိုက်တဲ့ သစ်လုံးတိုင်တွေ၊ ဖယ်ရှားလိုက်တဲ့ ကြမ်းခင်းတွေ၊ ဖယ်ရှားလိုက်တဲ့ တန်းတွေ၊ ဆင့်တွေပေါ့။ ဒီဟာတွေ အကုန်လုံးကို ဘယ်အခန်းက ဘယ်နှတိုင်၊ ဘယ်အခန်းက ဘယ်နှချောင်း ဆိုတာကို မှတ်တမ်း တင်ထားပြီးတော့မှ အမရပူရ ဗားကရာကျောင်းရယ်၊ တောင်မင်းကြီး မြတ်စွာဘုရား ဂေါပကရုံး အနီးမှာရယ် စုယူထားရှိပါတယ်။