News

POST TAGGED AS

ဦးထင်ကျော်

သမ္မတ ဦးထင်ကျော် တရုတ်သွားမည်
ရန်ကုန်၊ မတ် ၃၀

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။

သမ္မတ ဦးထင်ကျော်၏ တရုတ်ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang က သောကြာနေ့တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သမ္မတ ဦးထင်ကျော်၏ ခရီးစဉ် အသေးစိတ် အစီအစဉ်ကိုမူ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုခရီးစဉ်မှာ သမ္မတဦးထင်ကျော် အနေနှင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် အစီအစဉ်ဖြစ်ပြီး ရုရှား၊ အိန္ဒိယနိုင်ငံတို့နောက် ကမ္ဘာ့အင်အားကြီး အိမ်နီးချင်းနိုင်ငံသို့ သွားရောက်ခြင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

သမ္မတ ဦးထင်ကျော်သည် သမ္မတအဖြစ် တာဝန်ယူချိန်မှစ၍ လာအို၊ ရုရှား၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ အာဏာလွှဲပြောင်းရယူအပြီး ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တရုတ်သို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။



FOLLOW US