News

POST TAGGED AS

ဦးထင်ကျော်

သမ္မတ ဦးထင်ကျော်၏ တရုတ် ခရီးစဉ်အတွက် နှစ်နိုင်ငံညှိနှိုင်း
ရန်ကုန်၊ မတ် ၂၂

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံသို့ လာမည့် ဧပြီလအတွင်း သွားရောက်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“နိုင်ငံတော်သမ္မတ တရုတ်နိုင်ငံကိုသွားဖို့ နှစ်နိုင်ငံ ညှိနှိုင်းနေဆဲ အဆင့်မှာ ရှိပါတယ်။ ဧပြီလလောက်ကို သွားနိုင်ဖို့ ခန့်မှန်းထားတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးရယူပြီးနောက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် ခရီးစဉ်များအပြီး  ၂၀၁၆ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

 အဆိုပါ ခရီးစဉ် သွားရောက်ခဲ့စဉ်က တရုတ်အစိုးရက ကော်ဇောနီခင်း၍ ကြိုဆိုမှု ပြုလုပ်ခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် စောင့်ကြည့် သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ခရီးစဉ်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

အတိုင်ပင်ခံ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရေး အပါအဝင် ရခိုင်ပြည်နယ် ကျောက်ဖြူ -ကူမင်း ကုန်းလမ်း ပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံကိန်းများကို နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တပ်မတော် ဖြစ်ပေါ်နေသော တိုက်ပွဲများ ရပ်စဲသွားနိုင်ပြီး ငြိမ်းချမ်းရေး ပို၍ အဆင်ပြေ လွယ်ကူနိုင်ကြောင်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။

“နှစ်နိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကို နှစ်နိုင်ငံ အစိုးရအချင်းချင်း ဖြေရှင်းတာ ပို၍ အဆင်ပြေတယ်။ မြောက်ပိုင်းအဖွဲ့တွေက တရုတ်နိုင်ငံရဲ့ အခြေအနေတွေအပေါ် တိုက်ပွဲဖြစ်ပေါ်ခြင်း မဖြစ်ပေါ်ခြင်းက မူတည်နေတာ”ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

J-07



FOLLOW US