News

POST TAGGED AS

ဦးထင်ကျော်

စာသင်ကျောင်းများကို စာအုပ်တိုက်များက အလှည့်ကျပံ့ပိုးရန် သမ္မတ တိုက်တွန်း

နေပြည်တော်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံတွင် စာပေများ ထုတ်လုပ်ဖြန့်ချိနေသော စာအုပ်တိုက်များက ကလေးများ လက်လှမ်းမီနိုင်သော စာပေများကို တစ်လလျှင် ၅ အုပ်နီးပါးခန့်  ကျောင်းစာကြည့်တိုက်များသို့ အလှည့်ကျ လှူဒါန်းခြင်းဖြင့် ဝိုင်းဝန်းပံ့ပိုးကြရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောကြားသည်။

နေပြည်တော်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ပြုလုပ်သည့် ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

စာအုပ်များ ပံ့ပိုးရာတွင် ကလေးများ လက်လှမ်းမီရန် အရေးကြီးပြီး ထုတ်ဝေသည် စာအုပ်များနှင့် ဘာသာပြန်စာအုပ်များ အလွန်ကောင်းသော်လည်းကလေးများ လက်လှမ်းမမှီကြောင်းနှင့် စီးပွားရေး အခြေအနေအရ အလွန်ကောင်းသည့် မိဘ ၁ဝဝ လျှင် ၁ဝ ယောက်သာ ကလေးများကို စာအုပ်ဝယ်ပေးနိုင်သဖြင့် ကျောင်းစာကြည့်တိုက် အပါအဝင် စာကြည့်တိုက်များကို အားကိုရမည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

စာအုပ်တိုက်များက အတိုင်အဆနှင့် ကလေးများကို ပံ့ပိုးကြရန်နှင့် မိဘများကလည်း ကလေးများ စာဖတ်ချင်စိတ် ဖြစ်လာရန် တက်နိုင်သည် အချိန်တွင် လုပ်ပေးကြရန် ထပ်မံ တိုက်တွန်းပြောဆိုသွားသည်။

“ကလေးတွေက အရေးကြီးတယ် အင်မန်မှ သူတိုစိတ်တွေက နူးညံ့သိမ်မွေပြီး စိတ်ခွန်အားတွေ ရှိလာရင် နိုင်ငံအတွက် အများအကျိုးပြုမဲ့ ကလေးတွေ ဖြစ်လာမယ်လို့” ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် စာကြည့်တိုက်များ သွားကြည်လျှင် အင်္ဂလိပ်ကျောင်းများတွင် စာကြည့်တိုက်များ ရှိကြောင်းနှင့် ရန်ကုန်ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့ သွားသည် ကလေးများသည် အများဆုံး စာအုပ် ၆ အုပ်အထိ ငှားရမ်းပြီး ဖတ်သည်ကို တွေ့ရှိရသည်ဟု ပြန်ကြားဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

“ထိုင်းလိုနိုင်ငံမျိုမှာဆိုရင် ဈေးဝယ်နေရာမျိုးမှာတောင် စာကြည့်တိုက်ရှိတယ်။ အသက်အကန်သတ်အလိုက် ဖတ်ရမယ့် စာအုပ်အမျိုးအစား လုပ်ပေးထားတာလည်း တွေ့တဲ့အပြင် ကစားစရာမျိုးစုံလည်း ပေးထာတာကိုပါ တွေ့ရတယ်''ဟု နေပြည်တော် စာကြည့်တိုက်ရှိ လက်ထောက်စာကြည့်တိုက်မှူး (၂) တာဝန်ယူထားသူ ဒေါ်ငြိမ်းဇာမွန်စိုးက ဆိုသည်။

နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်တွင် ပြင်ပဝယ်ယူ ကလေးဂျာနယ် ၇ မျိုးနှင့် ကလေးစာပေ တစ်သောင်းကျော်ရှိပြီ စနေနေ့နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် နေပြည်တော်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့် ဌာနဆိုင်ရာ မိသားစုများမှ ကလေးများ အများဆုံး လာဖတ်သည်ဟု နေပြည်တော် အမျိုးသားစာကြည့်တိုက် တာဝန်ရှိသူများထံမှ သိရသည်။




FOLLOW US