News

POST TAGGED AS

ဦးကိုနီ

23-Jun-2017 tagged as ဦးကိုနီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရန် နောက်ကွယ်မှ စေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရှာဖွေမှုကို ရပ်ဆိုင်းလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။
17-Mar-2017 tagged as ဦးကိုနီ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် စွပ်စွဲခံရသူ လေးဦးကို မတ်လ ၁၇ ရက်တွင် စတင်ရုံးထုတ်လာပြီး စွပ်စွဲခံရသူအချို့မှာ ရှေ့နေ့ပါဝါ မတင်ပြနိုင်သဖြင့် ရုံးချိန်းကို နောက်တစ်ပတ်သို့ ချိန်းဆိုလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။
05-Mar-2017 tagged as ဦးကိုနီ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းအား သေနတ်ဖြင့် ပစ်သတ်သူ ကြည်လင်းနှင့် ပူးပေါင်း ပါဝင်သူများကို မတ်လ ၃ ရက် မွန်းလွဲပိုင်းက မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
25-Feb-2017 tagged as ဦးကိုနီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို သတ်ရန် ဇေယျာဖြိုးက ငွေပေးပြီး စေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
24-Feb-2017 tagged as ဦးကိုနီ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှု အခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ နေ့တွင် ရှင်းလင်း ပြောဆိုမည်
15-Feb-2017 tagged as ဦးကိုနီ
ရန်ကုန်လေဆိပ်တွင် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့သော ဦးကိုနီ အသတ်ခံရမှု၌ နောက်ကွယ်မှ စေခိုင်းသူ ညီအစ်ကို သုံးဦးတွင် လုပ်ကြံမှုကို ငွေပေးစေခိုင်းခဲ့သော ဒုတိယဗိုလ်မှူးကြီးဟောင်းတစ်ဦးမှာ လွတ်မြောက်လျက်ရှိကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
15-Feb-2017 tagged as ဦးကိုနီ
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှ အဓိက သံသယတရားခံ ဦးအောင်ဝင်းဇော်၏ ညီ အစ်ကိုမောင်နှမ တော်စပ်သူအချို့ထံ ရဲတပ်ဖွဲ့က သွားရောက် တွေ့ဆုံမေးမြန်းကာ ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများကို သိမ်းယူသွားသည်။
06-Feb-2017 tagged as ဦးကိုနီ
ရန်ကုန်လေဆိပ် လူသတ်ကောင် ဦးကြည်လင်းကို စေခိုင်းသူသည် ဘုရားခိုးဂိုဏ်းဝင် ဦးအောင်ဝင်းဇော် ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဦးအောင်စိုးက ထိုသို့ ဖွင့်ချပြောဆိုပြီး နောက်ပိုင်း သူ၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်၊ အလှပြင်သူဦးရေ သိသိသာသာ နည်းပါးသွားကာ စီးပွားရေး ထိခိုက်မှု ရှိလာကြောင်း ပြောသည်။
31-Jan-2017 tagged as ဦးကိုနီ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း၏ စစ်ဆေးထွက်ဆိုချက် လျှို့ဝှက်စာရွက်များ ဇန်နဝါရီလ ၃၁ ရက် နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
30-Jan-2017 tagged as ဦးကိုနီ
NLD ပါတီဥပဒေအကြံပေး ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရမှုနှင့် စပ်လျဉ်းပြီး ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို ပြည်သူများအနေနှင့် အထူးဂရုပြု နေထိုင်ရန် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။