News

POST TAGGED AS

ဥပဒေ

သတင်းမီဒီယာ လွတ်လပ်ခွင့်အပြင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားသည့်နှယ် ရှိနေသည့် ပုဒ်မ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
07-Jun-2017 tagged as ဥပဒေ
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မအူပင်၊ ဟင်္သာတစသည့် ခရိုင်သုံးခုတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင်အချို့ ပါဝင်သော မဟော်သဓာ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ရုံးများ ဖွင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ဖမ်းဆီးမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများက ဇွန် ၈ ရက်နေ့မှစတင်၍ လှုပ်ရှားမှုအဆင့် သုံးဆင့် ပြုလုပ်သွားမည်ဟု သတင်းမီဒီယာသမားများက ဆုံးဖြတ်လိုက်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်၏ တရားစွဲခံရသော ပုသိမ်မြို့ အခြေစိုက် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ် တရားရုံးက တရားစွဲဆိုသည့် ဇွန်လ ၅ ရက်တွင် နေ့ချင်း အာမခံပေးခဲ့သည်။
မြောက်ဒဂုံမြို့နယ်ရှိ မြေကိုးဧက ဂရန်အမြန် ပြန်ရလိုသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းအား ငွေကျပ် ၁၂ သိန်း လာဘ်ငွေ ပေးအပ်ခဲ့ရသည်ဆိုကာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားအမြင်က ဥပဒေအရ ကြောင်းကျိုးဆီလျော်မှုရှိသည် ဆိုနိုင်သော်လည်း ပြစ်မှုအပေါ် အရေးယူမှုပိုင်းမှာတော့ နိုင်ငံသားတစ်ဦး၏ လူ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်နေသည့်အချက်က လွှတ်တော်အနေနှင့် ပြန်လည် စဉ်းစားသုံးသပ်ရမည့်ကိစ္စဟု ထင်သည်။
ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှ ကိုကိုမောင်တို့ကို ယနေ့ (ဇွန် ၃ ရက်) စနေနေ့ ရုံးပိတ်ရက် မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် တရားရုံးအား သီးသန့်ဖွင့်လှစ်၍ ချုပ်ရမန်ယူခဲ့သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဘာကိုဦးစားပေး ဆောင်ရွက်ကြမည်နည်း။ ဘာကစမည်နည်း။ တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံဥပဒေ ရေးဆွဲရေးမှ အစပြုလို့ မဖြစ်ပါ။ ပြည်ထောင်စု အခြေခံဥပဒေ (၂၀၀၈ အခြေခံဥပဒေ) ကို လိုအပ်သလို ပြင်ဆင်ပြီးမှ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေခံဥပဒေ ရေးဆွဲရေးကို အစပြုသင့်ပါသည်။ နိုင်ငံရေးတွင် ‘ဘာပြီး၊ ဘာလုပ်မည်’ ဆိုသော ‘Sequence’ က အရေးကြီးသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရမှု မေလ နောက်ပိုင်းတွင် ပိုမိုများပြားလာနိုင်ကြောင်း ယင်းဆက်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့ထံမှ သိရသည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ဆရာတော် ဦးဝီရသူကို ဥပဒေအရ အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနထံ လိပ်မူပြီး စာရေးသား ပေးပို့တိုင်ကြားထားသော်လည်း မိမိအနေနှင့် တိုက်ရိုက် တရားစွဲဆိုသွားရန် မရှိကြောင်း ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြောကြားသည်။