News

POST TAGGED AS

ဥပဒေ

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုများကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ် ဖြစ်စေရန် ပြင်ဆင်လိုကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်သည်။
“အွန်လိုင်းပေါ်က ပြစ်မှုတွေအတွက် Cyber Crime Law တစ်ခု သီးခြားရေးဆွဲနိုင်ရင် အကောင်းဆုံးပေါ့”
ကျောက်ပန်းတောင်းမြို့တွင် ဖြစ်ပွားခဲ့သော ခွင့်ပြုချက်မဲ့ အဆောက်အအုံတစ်လုံး ဖြိုချမှုနှင့်ဆိုင်သော အကြောင်းအရာများကို ရေးသားဖော်ပြခဲ့သော အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီအဖွဲ့မှ ကိုမြတ်ကျော်ကို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံမှ သိရသည်။
ယခုလို တောင်းဆိုမှု ပြင်းထန်လာပြီး အုပ်ချုပ်သူ အစိုးရအတွက် အခက်ဖြစ်စေတော့မယ် ဆိုရင်လည်း နိုင်ငံရေးကို ငြိမ်အောင်ထိန်းတဲ့နည်းနဲ့ သူတို့ရဲ့ ဥပဒေပြုရမယ့် စာရင်းထဲမှာ နံပါတ်တစ်နေရာမှာ ရွှေ့ပြောင်းတင်ထားရတာမျိုး ရှိနေတတ်ပါတယ်။ မြင်အောင်ကြည့်ရမယ်၊ သုံးသပ်တတ်ရမယ် ဆိုတာ ဒါကိုပြောတာပါ။ ဥပဒေပြုကြတဲ့သူတွေက နိုင်ငံရေးသမားတွေ ဖြစ်တာမို့ ဥပဒေကို ဥပဒေလို့ချည်း မြင်နေလို့ မရပါဘူး။
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဒလန့်ချွန်ကျေးရွာနေ NLD ပါတီဝင် အမျိုးသားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း လယ်ဝေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်သူများအကြား နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပုဒ်မ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် အင်တာနက် စာမျက်နှာတွင် ဇူလိုင် ၇ ရက်နေ့စွဲဖြင့် လွှင့်တင်ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ရေးအတွက် လက်မှတ်များ စုဆောင်းကောက်ခံပွဲကို လာမည့် ဇွန်လ ၃၀ ရက်နေ့ တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ လက်မှတ်ကောက်ခံမည့်အဖွဲ့ ဖြစ်သော မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။
မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဗဟန်းမြို့နယ် တရားရုံးတွင် ထပ်မံဦးတိုက် လျှောက်ထားခဲ့ကြောင်း ဗဟန်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် The Voice ထံ ပေးပို့ခဲ့သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားမှုကို နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက်အရ ဇွန်လဒုတိယပတ်မှ စတင်ကာ ပြန်လည် စစ်ဆေးနေကြောင်း သတင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နယ် ရွာမကြီးကျေးရွာတွင် နွားလွှတ်ကျောင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး နှစ်ဖက်အချင်းများခဲ့ရာမှ ထဘီလှန်ပြသည့် အနေအထားဖြင့် အသက် ၆၀ အရွယ် ဒေါ်တင်ညွန့်၏ ဗီဒီယိုဖိုင်အား ရိုက်ကူးသူနှင့် လူမှုကွန်ရက်တွင် တင်ခဲ့သူကို ခင်ပွန်းဖြစ်သူ ဦးရဲဝင်းက ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် တိုင်ကြားခဲ့သည်ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။