News

POST TAGGED AS

ဥပဒေ

မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ ကုလသမဂ္ဂ အစည်းအဝေး ကျင်းပပုံများနှင့် လုပ်ငန်းစဉ်များ ရင်းနှီးကျွမ်းဝင်စေရန် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေး ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းလိုသည်များကို ကြိုတင်အကြံပြုလိုပါက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ ဆက်သွယ်ပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
04-Apr-2018 tagged as ဥပဒေ သကြား ကြံ
ကြံ၊ သကြား ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် စစ်ဆေးပြင်ဆင်နေသည်မှာ ကြန့်ကြာနေသောကြောင့် အမြန်ဆုံးအတည်ပြုပေးရန် အစိုးရထံတောင်းဆိုထားကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
02-Apr-2018 tagged as ဥပဒေ တနင်္သာရီ
ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွင် ပြည်သူများကို ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ လုပ်ဆောင်ချက်များ မတွေ့ရကြောင်း တနင်္သာရီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ဝေဖန်လိုက်သည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ တင်သွင်းလာသော ၂၀၁၇ ခုနှစ် ရေချိုငါးလုပ်ငန်း ဥပဒေ (မူကြမ်း) ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ဖြည့်စွက်ချက်များနှင့် မတ် ၃၀ ရက်က ကျင်းပသည့် ဧရာဝတီတိုင်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။
လူမှုကွန်ရက်မှတစ်ဆင့် တရားရုံးနှင့်တရားသူကြီးများ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဟုဆိုကာ မြန်မာသံစဉ်အဆိုတော် တသသကို စဥ့်ကူးမြို့နယ် တရားသူကြီးဦးဝင်းဇော်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်လိုက်သည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်သော အမျိုးသမီးကို အက်စစ်ဖြင့် ပက်ခဲ့သည့်မိသားစုမှ အမျိုးသားတစ်ဦးကို ပူးပေါင်းကြံစည်မှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်တင်ပြထားမှုကို ယနေ့ (မတ်လ ၇ ရက်) က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးရာတွင် ကိုယ်စားလှယ်အားလုံးနီးပါးက ကန့်ကွက်လိုက်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်သို့ ကော်မရှင်က တင်ပြလိုက်သည်။
ဘာသာရေးအမုန်းပွားစေရန် ရည်ရွယ်သော ဆန္ဒပြလှုပ်ရှားမှုများကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် မကိုင်တွယ်သင့်ဘဲ သီးခြားဥပဒေတစ်ခုပြဋ္ဌာန်း၍ ကာကွယ်သင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၂၂၀ က အကြံပြုလိုက်သည်။