News

POST TAGGED AS

ဥပဒေ

နယ်စပ်နှင့် ပြည်တွင်းဒေသရှိ မူးယစ်ဆေးဝါး ရှာဖွေတားဆီးရေး လုပ်ငန်းအတွက် ကျပ်သိန်း သုံးသောင်းကျော်ရှိ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရန် တရုတ်နိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးလင်းက ပြောကြားသည်။
20-Jun-2018 tagged as ဥပဒေ ကုမ္ပဏီ
၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ကုမ္ပဏီများဆိုင်ရာ ဥပဒေအကြောင်းကို အဓိကဖော်ပြမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Oxford Business Group (OBG) က ထုတ်ပြန်သည်။
11-Jun-2018 tagged as ဥပဒေ ဆန် စပါး
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဆန်စပါးနှင့်ပတ်သက်သည့် ဥပဒေမရှိသေးသောကြောင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆန်စပါးဥပဒေကို စတင်ရေးဆွဲလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှသိရသည်။
ဆန္ဒမပါပဲ လိင်ပြုကျင့်မှုသည် အတင်းအကျပ် ခြိမ်းခြောက်မှုမပြုသည့်တိုင်အောင် မုဒိမ်းမှုမြောက်သည်ဟု ဖော်ပြထားသော ဥပဒေကို ဆွီဒင်လွှတ်တော်က အတည်ပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မကွေးတိုင်း စည်ပင်သာယာရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ဂန့်ဂေါမြို့နယ်၌ မေလ ၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ လူထုသဘောထားလက်မှတ် ကောက်ခံခဲ့ရာ လက်မှတ်တစ်သောင်းနီးပါးအထိရရှိကြောင်း ယင်းတိုင်းစည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရေး ကော်မတီ (ဂန့်ဂေါ) ထံမှ သိရသည်။
မဲဆွယ်အပြုံးသရော်စာ ဖော်ပြသည့်အတွက် တနင်္သာရီအပတ်စဉ်ဂျာနယ် တာဝန်ခံ အယ်ဒီတာကို တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု မေလ ၂၁ ရက်နေ့ရုံးချိန်းတွင် တရားလိုပြ သက်သေနှင့် စွပ်စွဲခံရသူဘက်က ရှေ့နေ မလာသည့်အတွက် မစစ်ဆေးဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောကြားသည်။
ငြိမ်းချမ်းရေးရဖို့လည်း မသေချာ၊ ပြည်ထောင်စုကြီး မပြိုကွဲနိုင်တော့ဆိုသည့် အာမခံချက်များလည်း မရှိသေးဘဲ၊ တစ်နည်းအားဖြင့်ဆိုလျှင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေးလမ်းကြောင်းကို လက်ခံရန်ပင်လျှင် အလွန်ခက်ခဲစွာ ပြောဆိုနေရသော အခြေအနေမျိုးတွင် အစိုးရကရော၊ တပ်မတော်ကပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးလိမ့်မည်ဟု သိပ်မထင်ပါချေ။
ပုသိမ်မြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြဇာတ်ကသော ကျောင်းသားများ၏ ဗီဒီယိုဖိုင်အား ဖေ့စ်ဘွတ်ခ်တွင်တင်သူ ဦးထွန်းထွန်းဦးကို မေလ ၇ ရက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။
သေနတ်ကိုင်ဆောင်မှုအပေါ် ဖြေလျှော့ခွင့်ပြုပေးသည့် ဥပဒေများနှင့်သာဆိုလျှင် ၂၀၁၅ ခုနှစ်က ပါရီအကြမ်းဖက်မှုမျိုးကို ဟန့်တားနိုင်မည်၊ လန်ဒန်တွင်လည်း သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ထားသောကြောင့် ဓားထိုးမှုများ ဆက်တိုက်ဖြစ်နေသည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မှတ်ချက်များအပေါ် ပြင်သစ်နှင့်ဗြိတိန်တွင် မကျေမနပ်ဝေဖန်မှု များရှိနေသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
လက်ရှိအသုံးပြုနေသော မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသည် ခေတ်နှင့်မလျော်ညီတော့သည့်အတွက် အသစ်ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ဦးဇော်မင်းက ဆိုသည်။