News

POST TAGGED AS

ဥက္ကဋ္ဌ

နိုင်ငံတော် သမ္မတလောင်းကို ယနေ့ ပြည်သူ့လွှတ်တော်၌ ရွေးမည်
ရန်ကုန် မတ် ၂၂ 

ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က နိုင်ငံတော် သမ္မတလောင်းကို ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ကြေညာထားသည်။ 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့်ပုဂ္ဂိုလ်ဖြစ်၍ ယင်းအစုအဖွဲ့ကပင် ဒုတိယသမ္မတလောင်းကို ရွေးချယ်ရမည်ဖြစ်သည်။

ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ က ဒုတိယသမ္မတလောင်းတစ်ဦး ရွေးချယ်တင်မြှောက်ရေးအတွက် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ၂၃ ရက်၊ သောကြာနေ့တွင် ကျင်းပပြုလုပ်ရန် ကြေညာကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယင်းသို့ ရွေးချယ်နိုင်ရေးအတွက် ဒုသမ္မတလောင်းများ၏ အမည်စာရင်း ကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းရမည်ဖြစ်ပြီး ဒုသမ္မတလောင်းတစ်ဦးကို မဲခွဲရွေး ချယ်ရမည်ဖြစ်သည်။

ယင်းနောက် ဒုတိယသမ္မတလောင်းကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရမည်ဖြစ်ပြီး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်တစ်ဦးချင်း၏ အမည်စာရင်းကို မတ်လ၂၃ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု ပြည်သူ့လွှတ်တော်က ကြေညာထားသည်။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတလောင်းတစ်ဦး ရွေးချယ်ပြီးပါက လက်ရှိ ဒုတိယသမ္မတ၂ ဦး အပါအဝင် နိုင်ငံတော် သမ္မတလောင်း ၃ ဦးထဲမှ နိုင်ငံတော်သမ္မတကို ပြန်လည် ရွေးချယ်ရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရမည်ဖြစ်သည်။

E-02



FOLLOW US