News

POST TAGGED AS

ဥက္ကဋ္ဌ

မြောက်ဦး ပဋိပက္ခဖြစ်စဉ်တွင် ဦးဆောင်သူများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ် မြောက်ဦးပဋိပက္ခ ဖြစ်စဉ်တွင် ခရိုင်ထွေ။အုပ်ရုံးသို့ လူစုလူဝေးဖြင့် ဝင်ရောက်ဖျက်ဆီးရာတွင် ဦးဆောင်ခဲ့သူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ဦးဆောင်သူ ဦးစံလှတော်နှင့် ပူးပေါင်းပါဝင်ကူညီသူများကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် အရေးယူရန် နိုင်ငံတော်သမ္မတက ခွင့်ပြုလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မြောက်ဦးမြို့ ရှေးဟောင်းဇုန်အတွင်းရှိ နန်းတော်ကုန်း၌ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားကို မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ ယင်းနေရာတွင် ကျင်းပခွင့်မပြုခြင်းကြောင့် ဒေသခံ ၄၀၀၀ ခန့်သည် ဇန်နဝါရီလ ၁၆ ရက်၊ ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ခရိုင် ထွေ/အုပ်ရုံးသို့ ဝင်ရောက်ရာမှ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်၌ ဦးဆောင်သူနှင့် ပူးပေါင်းကူညီသူများကို ပုဒ်မ ၁၂၂ (နိုင်ငံတော်ပုန်ကန်မှု)ဖြင့် အရေးယူရန် သမ္မတက ခွင့်ပြုလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“သမ္မတကပုဒ်မ ၁၂၂နဲ့ တရားစွဲဆိုနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မြောက်ဦးခရိုင်ထွေ/အုပ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း (ပ/၃၅၅၉)ကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ အခွင့်အာဏာ အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်က အပ်နှင်းခဲ့တာပါ”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ အမိန့်စာ၌ ဇန်နဝါရီလ ၁၆ ရက်နေ့၌ မြောက်ဦးမြို့နယ်တွင် ၂၃၃ နှစ်ပြည့် ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးမှု သင်ခန်းစာယူဖွယ် စာပေဟောပြောပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် ခရိုင် အုပ်ချုပ်ရေးဦးစီး ဌာနခြံအတွင်းရှိ နိုင်ငံတော်အလံလွင့်ထူသည့်တိုင်တွင် ရခိုင်ပြည်နယ်အလံ လွင့်ထူခြင်းဖြစ်စဉ်၌ ဦးဆောင်ပါဝင်သည့် ဦးစံလှတော်နှင့် ပူးပေါင်း ကူညီသူများကို ရာဇသတ်ကြီးပုဒ်မဖြင့် တရားစွဲဆိုရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

J-07



FOLLOW US