News

POST TAGGED AS

အန္တရာယ်

မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်
ရန်ကုန်၊ စက်တင်ဘာ ၎

ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သမ္မတရုံးက သတ်မှတ်ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)က The Voice သတင်းစာသို့ အတည်ပြု ပြောကြားသည်။

“ဒီလို သတ်မှတ်ပေးရတာလည်း အစိုးရက သတ်မှတ်ပေးရတာ ဖြစ်တယ်။ ဒါတွေက ကိုယ်တို့ သတ်မှတ်လို့မရဘူး။ စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ပေးတာ ဟုတ်ပါတယ်”ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသကို ARSA အစွန်းရောက်အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့သည်။

တပ်မတော်ဘက်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက်စွန့်လွှတ်ခဲ့ရပြီး တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည် ၁ ဦး ပျောက်ဆုံးလျက်ရှိသည်။

J-07



FOLLOW US