News

POST TAGGED AS

အနှိပ်ခန်း

လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ နဝဒေးအိမ်ရာရှိ ဟွေခ်တုံး တရားမဝင် အနှိပ်ခန်းဖွင့်ရန် စီစဉ်သူ တရုတ်နိုင်ငံသားပါ ငါးဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ အပါအဝင် စည်ပင်ဥပဒေတို့ဖြင့် အရေးယူထားကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"လှိုင်သာယာမှာနေတဲ့ မိန်းကလေးတစ်ယောက်က အဲဒီ့ဆိုင်မှာ ပြည့်တန်ဆာအလုပ် အဓမ္မ စေခိုင်းခံနေရတယ်လို့ သူ့အမေဆီ ဆက်သွယ်တိုင်ကြားခဲ့တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က အနှိပ်ခန်းထဲ ဝင်စစ်ဆေးခဲ့ချိန် ဆိုင်ရှင်အမျိုးသမီး မရှိဘဲ အလုပ်သမားတွေနဲ့ ဆိုင်မှာ လာပျော်ပါးနေသူတွေပဲ တွေ့ခဲ့တာ"