News

POST TAGGED AS

အနုကြမ်း

တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းရှိ ပါရမီကားဝင်းရှေ့တွင် ၂၄ နာရီ ဖွင့်လှစ်ရောင်းချနေသော One Stop Mart စတိုးဆိုင်အတွင်း အနုကြမ်းဝင်စီး၍ ငွေများ လုယူခဲ့သည့် အမျိုးသားသုံးဦးမှ အသက် ၂၀ နှစ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်ရှိ ဒိုင်းမွန်းရွှေဆိုင်ကို ဩဂုတ် ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားတစ်ဦးက အနုကြမ်းဝင်စီးခဲ့ရာ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်က ပြောကြားသည်။
မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်တွင်းရှိ နေအိမ်တစ်လုံးတွင် မေလ ၈ ရက်နေ့ ည ၁၀ နာရီက အသက် ၄၅ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို အမည်မသိလူနှစ်ဦးက ဓားထောက် အနုကြမ်းစီး၍ ငွေကျပ်သိန်း ၇၇၀ ကိုလုယူခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။
မြစ်ကြီးနားမြို့ မြို့မရပ်ရတနာလမ်းရှိ ကျော်မြန်မာရွှေဆိုင်ကို ယနေ့(ဧပြီလ ၁ ရက်) နံနက် ၉နာရီခန့်တွင် အမည်မသိလူနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးခဲ့ကြောင်း မြို့မရပ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်၊ ပျဉ်ဈေးတောင်ပိုင်း၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းက အနုကြမ်းစီးမှုဖြစ်ခဲ့ရာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
14-Jul-2017 tagged as အနုကြမ်း
တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ဘရဏီ ၁ လမ်းတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၆၈ နှစ် အဘွားအို၏ လည်ပင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးဌာနမှ စည်ပင်အကြီးတန်း စာရေးမက ဘောပင်ဖြင့်ထိုးပြီး လက်ဝတ်ရွှေထည်များကို လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-May-2017 tagged as အနုကြမ်း ပြည်
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့လယ်ရှိ ဒေါင်းမင်းလက်ဖက်ရည်ဆိုင်တွင် မေလ ၁၁ ရက် ည ၉ နာရီကျော်ခန့်က ဓားထောက်အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။
21-Mar-2017 tagged as အနုကြမ်း
ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ အောက်ဘလောက် တိုက်အမှတ် ၁၅ ရှိ ငါးလွှာတိုက်ခန်းတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီရုံးခန်းတွင် မတ်လ ၂၁ ရက် နံနက် ၈ နာရီက မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက အနုကြမ်းဝင်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့လယ် ကျောက်တံတား မြို့နယ် ၃၈ လမ်း အလယ်ဘလောက်ရှိ ဖက်ရှင်ဆိုင်တစ်ခုတွင်ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၃ နာရီက ဆိုင်ဝန်ထမ်း အမျိုးသမီးကို အမည်မသိ အမျိုးသားတစ်ဦးက ချွှန်ထက်သော အရာဖြင့်ထောက်၍ ခြိမ်းခြောက် ရိုက်နှက်ပြီး ရွှေထည်နှင့် ငွေများ လုယက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်
04-Nov-2016 tagged as အနုကြမ်း
သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းတွင် နေ့ခင်းကြောင်တောင်အချိန် နေအိမ်ထဲ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကို ချွှန်ထက်သော အရာဖြင့် ထောက်၍ လက်ဝတ်ရွှေထည်ပစ္စည်းများ လုယက်ခဲ့သည့် အမည်မသိ အမျိုးသားနှစ်ဦး၏ ခဲပန်းချီ ပုံကြမ်းများကို မြို့နယ်အနှံ့ရှိ ရဲစခန်းများထံ ဖြန့်ဝေထားသည်။