News

POST TAGGED AS

အကြမ်းဖက်

အစွန်းရောက် အကြမ်းဖက်သူများ၏ အန္တရာယ်များမှာ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း အခြားသောနိုင်ငံများတွင်လည်း သိသိသာသာ ခံစားနေကြရချိန်လည်းဖြစ်သည်။ ..... ဖိလစ်ပိုင်နိုင်ငံတွင်မူ သမ္မတကိုယ်တိုင် ဦးစီးပြီး စစ်မြေပြင်သို့ဆင်းကာ ကွပ်ကဲနှိမ်နင်းနေရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း အစွန်းရောက် အကြမ်းဖက်မှုများ လက်ချက်ကြောင်း ထိုင်းစစ်သားများ မကြာခဏဆိုသလို ကျဆုံးနေကြရသည့် သတင်းများကို ဖတ်ရသည်။
15-Aug-2017 tagged as အကြမ်းဖက်
ဘာကီနာဖာဆိုနိုင်ငံ မြို့တော်အော်ဂါ ဒိုဂူမြို့လယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ၂၀ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေနှင့်ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်မေယု တောင်တန်းတစ်လျှောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့၌ ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရခိုင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ ဩဂုတ်လ ၈ ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဆက်ရှိလာနိုင်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ယနေ့ (သြဂုတ်လ ၆ ရက်)ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
17-Jul-2017 tagged as အကြမ်းဖက်
ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားနှစ်ဦး၏ ဓာတ်ပုံများကို ဖြန့်ဝေ၍ ဖမ်းဆီးစစ်ဆေးနိုင်ရန် လိုက်လံစုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုဒေသတွင် ဘင်္ဂါလီ အကြမ်းဖက်များ၏ အန္တရာယ်ကို ကာကွယ်ရန် ဒေသခံများကို ပြည်သူ့စစ် ဖွဲ့စည်း၍ ခေတ်မီလက်နက် တပ်ဆင်ပေးရန် မောင်တောမြို့နယ်၌ ပြုလုပ်သည့် အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း မောင်တောဒေသခံ ဦးစိန်လှဖြူက ပြောကြားသည်။
06-May-2017 tagged as အကြမ်းဖက်
ယခုနှစ် ပထမ လေးလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာန၏ ပြည်သူ့ဆက်ဆံရေးဌာနခွဲ ဟော့လိုင်း ဖုန်းနံပါတ်သို့ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ ဆက်သွယ် တိုင်ကြားမှု အကြိမ် ၃၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ဥပဒေအရ ရင်ဆိုင်ရန် တရားရုံးသို့ မရောက်မီတိုင်ကြားမှု အဆင့်မှာပင် အခက်အခဲများစွာ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာ ကုစားရေးအဖွဲ့- မြန်မာ)တွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောကြားသည်။
သက်ငယ်မုဒိမ်းမှု အပါအဝင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ တိုင်ကြားနိုင်ရန်အတွက် အရေးပေါ် ဖုန်းလိုင်းဖွင့် လှစ်ပေးပြီးနောက် အမျိုးသမီးအကြမ်း ဖက်ခံရမှု တိုင်ကြားမှုများမှာ လေးလအတွင်း ၈၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြိုးသုနန္ဒာက ပြောကြားသည်။