News

POST TAGGED AS

အကြမ်းဖက်

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ကန့်ကွက်ရှုတ်ချသည့် ဟောပြောပွဲတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။
မောင်တောခရိုင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဘင်္ဂါလီလူမျိုးများ ၎င်းတို့ရပ်ရွာတွင် အေးဆေးစွာ ပြန်လည် နေထိုင်နိုင်ရန် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ဘင်္ဂါလီ ရပ်မိရပ်ဖများက ပူးပေါင်း ဆောင်ရွက်နေသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်ခံရမှု အပါအဝင် အိမ်နီးချင်း နိုင်ငံများတွင်လည်း အကြမ်းဖက်မှု ပပျောက်စေရန် ပူးပေါင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
...ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် အန္တရာယ်များ၊ ထိုအစွန်းရောက် အကြမ်းဖက်သမားများအတွက် အားပေးကူညီမှုများနှင့် မိမိတို့နိုင်ငံအတွက် မီဒီယာ ထုတ်လွှင့်ချက်နှင့် အထွေထွေ အားနည်းမှုများအပေါ် အမှန်ကိုအမှန်အတိုင်း သိမြင်လက်ခံကြရတော့မည့် အချိန်အခါတစ်ခုကို အမှန်ကျရောက်နေပြီ ဖြစ်ပါသည်။
ဒီဥပဒေအရ အရေးယူဆောင်ရွက်မယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းများကို သာမက ငွေကြေး၊ နေရာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် ကူညီပံ့ပိုးသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ပါဝင်ပတ်သက်သူများကိုပါ အရေးယူ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
ပိုမိုစိုးရိမ်ကြရသည်မှာ မောင်တောမြို့ကို ထိုအကြမ်းဖက်သူများ လက်တွင်း ကျရောက်မည့်ကိစ္စဖြစ်သည်။ ထိုမောင်တောမြို့ကို အကြမ်းဖက်သူများ လက်ဝယ် ရရှိသွားလျှင် ဒေသခံမြို့နေ လူထုနှင့်အစိုးရရုံးများကို ကျောထောက်နောက်ခံပြုကာ လူသားဒိုင်းသဖွယ်ပြုပြီး အစိုးရကို အကျပ်ကိုင်ကာ လရှည် နှစ်ရှည် တိုက်ပွဲဆင်နွှဲရမည်ကို စိုးရိမ်နေကြသည်။
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်းမှ ကျဆုံးသွားသည့် ရဲဝန်ထမ်း ၃ ဦးနှင့် လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေက မောင်တောသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
နိုင်ငံတကာနယ်ပယ်မှာ သံတမန်ရေးအရ အကောင်းဆုံး ဆောင်ရွက်နိုင်အောင် ယခုကတည်းက ပြင်ဆင်ပါ။ ဘင်္ဂါလီဆူပူမှုသည် အစ္စလာမ်ဘာသာနှင့်မဆိုင်ဘဲ အကြမ်းဖက်အုပ်စုဆိုတာ ကမ္ဘာသိအောင် ပြောထားပါ။
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် တိုင်းရင်းသားများ၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို တာချီလိတ်ဒေသခံများစုပေါင်း၍ ငွေလှူဒါန်းမည်ဖြစ်ကြောင်း တာချီလိတ်မြို့ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန်က ပြောကြားသည်။
မောင်တောမြို့ပေါ်၌ ယနေ့ (ဩဂုတ် ၂၆ ရက်) နံနက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်များ ဝင်ရောက်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။