POST TAGGED AS

အကြမ်းဖက်

အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိ
ပြီးခဲ့သည့်လ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် မျောချောင်းကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ ဝါးပိတ်ကျေးရွာမှ နှစ်ဦး၊ မျောတောင်ရွာမှ တစ်ဦး၊ ရွက်ညိုတောင်ရွာမှ တစ်ဦးနှင့် ဗောဓိပြင်ရွာမှ တစ်ဦးတို့အား နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီတွင် လည်းကောင်း၊ ဇင်ပိုင်ညာကျေးရွာမှ တစ်ဦးနှင့် သူဦးလာကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် လည်းကောင်း၊ ရွှေဇားအလယ်ကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ မဲတီကျေးရွာ နှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ




FOLLOW US