News

POST TAGGED AS

အကြမ်းဖက်

11-Sep-2017

အကြမ်းဖက်
အကြမ်းဖက်မှုများ ပြုလုပ်ရန် ပါကစ္စတန် နိုင်ငံသားတစ်ဦး ဝင်ရောက်မည့် သတင်းကြောင့် လုံခြုံရေး တိုးမြှင့်
ရန်ကုန်၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံတွင် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပါကစ္စတန် နိုင်ငံသားတစ်ဦး ဝင်ရောက်လာမည့် သတင်းကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်များနှင့် နယ်စပ် ဝင်/ထွက် ဂိတ်များကို အထူးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ပါကစ္စတန်နိုင်ငံသား ဖြစ်သည့် အငြိမ်းစား တပ်ကြပ်ကြီး အမည် (စိစစစ်ဆဲ) မှာ စက်တင်ဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့တို့တွင် ပြည်ပမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်းမှာ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် မြန်မာနိုင်ငံမှ တက်ကြွသော မွတ်စလင်လူငယ်များနှင့် ဖောက်ခွဲရေး လုပ်ငန်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိထားသည်။

ရခိုင်ပြည်နယ်မှ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့နှင့် ဆက်စပ်လျက်ရှိသော အဖွဲ့တို့သည် လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့ ဆူပူလှုပ်ရှား၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်မည့် သတင်းရရှိထားသဖြင့် နယ်မြေဒေသအလိုက် လုံခြုံရေး အစီအမံများကို ချမှတ်ထားပြီး မြို့ကြီးများတွင် အနီရောင်အဆင့် လုံခြုံရေးကို ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီရန်အတွက် အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူများအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က သဘောထား ထုတ်ပြန်ကြေညာထားသည်။

S-03



FOLLOW US