News

POST TAGGED AS

အွန်လိုင်း

အွန်လိုင်းဆိုသည့် မြင်ကွင်းသေးသေးကို မနှစ်မြို့သူ သတင်းစာသမား၊ စာသမားများစွာရှိပါသည်။ သူတို့သည် မိုးလင်းလျှင် သတင်းစာတစ်စောင်ကို ကိုင်ဖတ်လိုက်ရမှ ကျေနပ်သူများဖြစ်သည်။ အလားတူပင် စာအုပ်ကို ကိုင်ဖတ်ကာ အရသာ ခံနေသူများစွာလည်း ရှိနေသည်။ ထို့ကြောင့် ပုံနှိပ်အော့ဖ်လိုင်းမီဒီယာ ပျောက်ကွယ်သွားမည်လားဆိုသည့် မေးခွန်းကို မပျောက်ကွယ်နိုင်ဟု ဆိုရမည်။ အရေးကြီးသည်မှာ မှန်ကန်မှု၊ တိကျမှု၊ ဂုဏ်သိက္ခာနှင့် အွန်လိုင်းကို ယှဉ်ပြိုင်ရန်သာ ဖြစ်သည်။
18-Mar-2018 tagged as အွန်လိုင်း
အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ရွှေ၊ ရေနံနှင့် နိုင်ငံတကာ ငွေကြေးဈေးနှုန်းများကို ခန့်မှန်း၍ အရောင်းအဝယ် ပြုလုပ်နေသည့် နာမည်ကျော် FBS Myanmar အွန်လိုင်းကုန်သွယ်မှု အကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မျိုးဟန်ကို စသုံးလုံးအဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် မတ်လ ၁၅ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် သတင်းရယူမည့် အွန်လိုင်းမီဒီယာများအနေနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ငွေကျပ်ငါးသိန်း ပေးသွင်းရမည်ဖြစ်ကြောင်း ယင်းအစည်းအရုံးက ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံ ကျေးလက်များတွင် ပညာရေးလစ်ဟာနေမှုများနှင့် ပတ်သက်ပြီး အစိုးရခေါင်းခဲနေသည်မှာ ကြာပြီဖြစ်သည်။ ထိုပြဿနာကို တရုတ်နိုင်ငံ အရှေ့ပိုင်းဆရာများက သူတို့နည်း သူတို့ဟန်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြသည်။
ရန်ကုန်တိုင်းရှိ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းတိုးရန် အွန်လိုင်းစနစ် (Online Booking System) ဖြင့် စာရင်းကြိုသွင်းသည့် ယာဉ်စီးရေ ၃၀၀ ရှိခဲ့ရာမှ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ယာဉ်စီးရေ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။
မကြာမီ အနာဂတ်ပညာရေးဟာ ကျောင်းကို ကျောင်းသားလာမှဆိုတဲ့ အယူအဆ ပျောက်ကွယ်သွားမယ်။ အွန်လိုင်းကနေ ကျောင်းခေါ်ကြိမ်သတ်မှတ်မယ်။ အွန်လိုင်းမှာ တစ်နေ့ ဘယ်နှနာရီဝင်ပြီး အလုပ်လုပ်တယ်ဆိုတာနဲ့ သတ်မှတ်မယ်။ အွန်လိုင်းမှာ ဘယ်လောက် ရှာဖွေနိုင်တယ်ဆိုတာနဲ့ အရည်အချင်းကို သတ်မှတ်တဲ့ခေတ် ရောက်လာလိမ့်မယ်။
လူအများ လူမှုကွန်ရက်မီဒီယာကို အသုံးပြုဆက်သွယ်သည့်ပုံစံမှာ လူ့အဖွဲ့ အစည်းကို အုပ်စုကွဲအောင်လုပ်နေသလို ဖြစ်နေပြီး အင်တာနက်သုံးစွဲသူများ ၎င်းတို့၏ ဆန္ဒစွဲဘက်လိုက်မှုများအတွင်း ထွေးပတ်ငြိတွယ်မနေစေရေး ခေါင်းဆောင်များက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက တိုက်တွန်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
ပြည်ပသို့ လုပ်သား ပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ အွန်လိုင်းမှ လုပ်သားခေါ်ယူ ပို့ဆောင်နေသူ ၁၀ ဦးကို အောက်တိုဘာလအတွင်းက ခေါ်ယူသတိပေးပြီး ခံဝန်ကတိ ထိုးခိုင်းလိုက်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။
သေချာတာကတော့ ဒီနေ့ မြန်မာနိုင်ငံ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ ဒီလိုကာလမှာ အစိုးရက အစိုးရအကြိုက်၊ တပ်မတော်ကလည်း တပ်မတော်အကြိုက်၊ သူပုန်ကလည်း သူပုန်အကြိုက်၊ ပါတီတွေ အဖွဲ့အစည်းတွေကလည်း သူတို့အကြိုက်ပဲ ပြောဆိုနေ၊ သတင်းထုတ်ပြန်နေပါတယ်။